ကစားသမားများ COVID-19 ကင်းစင်ဟု အေစီမီလန်အသင်း ထုတ်ပြန်

ကစားသမားများ COVID-19 ကင်းစင်ဟု အေစီမီလန်အသင်း ထုတ်ပြန်

အသင်းကစားသမားများနှင့်နည်းပြများကိုCOVID-19  စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း အေစီမီလန်အသင်းက ထုတ်ပြန်ခဲ့သည်။

အေစီမီလန်အသင်းဥက္ကဋ္ဌ စကာရိုနီက အသင်းကစားသမားအချို့ကူးစက်ခံရပြီး နာလန်ပြန်ထူရန်လုပ်ဆောင်နေရဟု မကြာမီက ဗီဒီယိုကွန်ဖရင့်တွင် ပြောကြားခဲ့ပြီးနောက် အေစီမီလန်သည် ဗိုင်းရပ်စ်ကင်းစင်ကြောင်း ယခုကဲ့သို့ကြေညာခဲ့သည်။

အေစီမီလန်နည်းစနစ်ဒါရိုက်တာ ပေါ်လိုမာဒီနီနှင့် သားဖြစ်သူ ကွင်းလယ်လူ ဒန်နီရယ်တို့မှာ COVID-19 ဖြစ်ခဲ့သော်လည်း လက်ရှိတွင် အခြေအနေပြန်ကောင်းလာပြီဖြစ်သည်။

ပထမအသင်းကစားသမားများနှင့် နည်းပြ အဖွဲ့ဝင်များကို ဆေးစစ်မှုပြုလုပ်ခဲ့ပြီးနောက် COVID-19 Negative အဖြေထွက်ခဲ့ဟု အေစီမီလန်အသင်းဝက်ဘ်ဆိုက်၌ ပါရှိခဲ့သည်။

အေစီမီလန်၏ မီလန်နယ်လိုစပို့တ် စင်တာမှာလည်း ပြန်လည်ဖွင့်လှစ်ထားပြီး ကစားသမားများမှာ တစ်ဦးချင်း လေ့ကျင့်ခန်းများပြုလုပ်နေသည်။



ဖတ်ရှုမှုအများဆုံး