အသင်းကစားသမားများ၌ COVID-19 ကူးစက်သူတိုး၍ စိုးရိမ်စရာဟု ဘရိုက်တန်ဆို

အသင်းကစားသမားများ၌ COVID-19 ကူးစက်သူတိုး၍ စိုးရိမ်စရာဟု ဘရိုက်တန်ဆို

အသင်းကစားသမားများ၌ COVID-19 ကူးစက်သူထပ်တိုးလာပြီးနောက် ဘရိုက်တန်အသင်းအမှု ဆောင်အရာရှိချုပ် ပေါလ်ဘာဘာက စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း စကိုင်းစပို့တ်သို့ ပြောကြားခဲ့သည်။

ဘရိုက်တန်သည် COVID-19 ဘေးကင်းလုံခြုံစေရေးအတွက် အစီအမံများ ချမှတ်လုပ်ဆောင်နေ သည့်တိုင် မေ ၉ ရက်က တတိယမြောက် ဗိုင်းရပ်စ်ကူးစက်သူ ကစားသမားထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မူလက ဘရိုက်တန်ကစားသမားနှစ်ဦး၌ COVID-19 Positive တွေ့ရှိရပြီးနောက် တတိယမြောက်ကစားသမား ပေါ်လာခဲ့ရာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရပေ။

တတိယမြောက်ကစားသမားအဖြစ် ဗိုင်းရပ်စ်ကူးစက်ခံရသည့်သူကို နေ အိမ်၌ထားရှိကာ Quarantine ဝင်ခိုင်း ထားကြောင်း ပေါလ်ဘာဘာက ပြောကြားခဲ့သည်။ ပေါလ်ဘာဘာက ''ဒါဟာ စိုးရိမ်ပူပန်စရာဖြစ်လာတာပါ။ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း COVID-19ဘေးကင်းလုံခြုံစေဖို့ အစီအမံတွေလုပ် ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်း စွာနဲ့ပဲ မေ ၉ ရက်က သုံးဦးမြောက် ကစားသမားအဖြစ် COVID-19 Positive တွေ့ခဲ့ရပါတယ်''ဟု အတည် ပြုပြောကြားခဲ့သည်။

ဘရိုက်တန်အသင်းသည် COVID-19 ကာလအတွင်း ဧပြီလကုန်ပိုင်းတွင် လေ့ကျင့်ခန်းအစီအစဉ် ပြန်လည်စတင် ခဲ့ပြီး တစ်ဦးချင်းလေ့ကျင့်ခန်းအစီအစဉ် များပြုလုပ်ခဲ့သည်။ ကစားသမားအများစုမှာ နေအိမ်၌သာ လေ့ကျင့်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ဘရိုက်တန်သည် လက်ရှိပရီးမီး ယားလိဂ်အမှတ်ပေးဇယား အဆင့် (၁၅)နေရာတွင် ရပ်တည်နေသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ မေ ၁၁ ရက်အထိ COVID-19 ကူးစက်သူ လေးသန်းကျော်ခဲ့ပြီဖြစ်သည်။ ဗြိတိန်၌ ဗိုင်းရပ်စ်ကူးစက်သူ နှစ်သိန်း ကျော်နေပြီး စုစုပေါင်း ၃ဝဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး