COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသော လာလီဂါပြိုင်ပွဲ ပုံမှန်ပြန်ဖြစ်ရန် ရာမို့စ် လိုလား

COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသော လာလီဂါပြိုင်ပွဲ ပုံမှန်ပြန်ဖြစ်ရန် ရာမို့စ် လိုလား

ရီးရဲလ်မက်ဒရစ်အသင်းခေါင်း ဆောင် ဆာဂျီယိုရာမို့စ်က COVID-19 ကြောင့်ရွှေ့ဆိုင်းထားသော စပိန် လာလီဂါပြိုင်ပွဲ ပုံမှန်အတိုင်းပြန်ဖြစ် ရန် လိုလားကြောင်း ပြောကြားခဲ့သည်။

လာလီဂါပြိုင်ပွဲသည် COVID-19 ကြောင့် မတ်လနောက်ပိုင်းရွှေ့ ဆိုင်းထားရပြီး အစိုးရနှင့် လိဂ်ပြိုင်ပွဲ တာဝန်ရှိသူများက လာမည့်ဇွန်လ အတွင်း ပြိုင်ပွဲများပြန်စနိုင်ရန်စီစဉ် နေသည်။ လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျာဗီးယားတီဘက်စ်က လာလီဂါပြိုင် ပွဲမှာ ဇွန် ၁၂ ရက်၌ပြန်စရန် ဖြစ် ကောင်းဖြစ်နိုင်ကြောင်း မေ ၁ဝ ရက်က ပြောကြားခဲ့သည်။

စပိန်ကစားသမားလည်းဖြစ်သူ ရာမို့စ်သည် လာလီဂါပြန်စပါက အဆင်သင့်ဖြစ်နေပြီဟုလည်း ဆိုခဲ့ သည်။ ရာမို့စ်က ''ဆက်ပြီးသွားနိုင်ဖို့ အချိန်လိုအပ်ပါတယ်။ ဒီတိုင်းပြည်က ဘောလုံးကိုလိုအပ်ပါတယ်။ စီးပွားရေး ထောက်ပံ့မှုတစ်ခုအနေနဲ့ပေါ့။ လူတွေ အတွက်လည်း အာရုံလိုတယ်။ လာလီ ဂါပြိုင်ပွဲကို ပုံမှန်အတိုင်းပြန်ဖြစ်စေချင် ပါတယ်။ ရောဂါကူးစက်မှုတွေလည်း ရှိနေတယ်။ ကျွန်တော်တို့ဟာ ချမှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ဒီဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်ရ မယ်။ လာလီဂါအနေနဲ့ ဘွန်ဒက်စ်လီဂါ ကို အတုယူသင့်ပါတယ်။ နောက်တစ်ခါ ပြန်ကစားချင်နေပါပြီ''ဟု ဆိုသည်။

ရီးရဲလ်မက်ဒရစ်ကစားသမားများ သည် COVID-19 ဖြစ်ပွားနေသော် လည်း စည်းမျဉ်းစည်းကမ်းများကိုလိုက် နာပြီး မေ ၁၁ ရက်က လေ့ကျင့်မှု များ ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။ COVID-19 ကြောင့် လာလီဂါရွှေ့ ဆိုင်းလိုက်သည့်အချိန် ရီးရဲလ်မက် ဒရစ်မှာ လက်ရှိချန်ပီယံဘာစီလိုနာနှင့် နှစ်မှတ်ကွာဟနေသည်။ လာလီဂါပြိုင် ပွဲသည် ရာသီပြီးဆုံးရန် ၁၁ ပွဲလိုအပ် နေသည်။

ဘာစီလိုနာနည်းပြ ဆက်တီယန်က ပြိုင်ပွဲများဆက်လက်မယှဉ်ပြိုင်ဘဲ ရာသီသိမ်းခဲ့ပါက ချန်ပီယံမဖြစ်လိုဟု ဆိုထားသည်။

ဘာစီလိုနာအသင်းမှ စပိန်နောက်ခံလူ ပီကေးကလည်း ဇွန်လအတွင်း ဘောလုံးပွဲများပြန်စနိုင်မည်ဖြစ်သော် လည်း ယခုထက်ပို၍နောက်ကျပါက ပိုကောင်းမည်ဟု ပြောကြားခဲ့သည်။ မကြာခင်က စပိန်လာလီဂါနှင့် ဒုတိယ တန်းဆီဂန်ဒါမှ ကစားသမားများကိုဆေး စစ်မှုအရ စုစုပေါင်းငါးဦ COVID-19 Positive ဟုအဖြေထွက်ခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံ၌ မေ ၁၁ ရက်အထိ ဗိုင်းရပ်စ်ကူးစက်သူ နှစ်သိန်းကျော် နေပြီး ၂၆ဝဝဝ သေဆုံးခဲ့သည်။



ဖတ်ရှုမှုအများဆုံး