ဒါဘီပွဲအတွက် ကွင်းအပြင်၌ ပရိသတ်များမစုရုံးရန် ဒေါ့မွန်မြို့တော်ဝန် အကြံပေး

ဒါဘီပွဲအတွက် ကွင်းအပြင်၌ ပရိသတ်များမစုရုံးရန် ဒေါ့မွန်မြို့တော်ဝန် အကြံပေး

ဒေါ့မွန်မြို့တော်ဝန် အူးရစ်ခ်ဇီးရောက်က ရှော်လ်ကေး အား လက်ခံကစားရမည့် Ruhr ဒါဘီပွဲတွင် ပရိသတ်များ အနေဖြင့် ကွင်းအပြင်ဘက်၌မစုရုံးရန် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။

COVID-19 ကြောင့်ရွှေ့ဆိုင်းထားရသော ဂျာမန် ဘွန်ဒက်စ်လီဂါမှာ မေ ၁၆ ရက်တွင် ပြန်လည်စတင်မည် ဖြစ်ပြီး ယင်းနေ့၌ ဒေါ့မွန်နှင့် ရှော်လ်ကေးပွဲအပါအဝင် စုစုပေါင်းခြောက်ပွဲကစားမည်ဖြစ်သည်။

Ruhr ဒါဘီမှာ ပြိုင်ဆိုင်မှု အစဉ်အလာကြီးမားပြီး နှစ်ဖက်ပရိသတ်များ အကြား တင်းမာမှုများလည်းရှိခဲ့သည်။

ပွဲများကို တံခါးပိတ်ကျင်းပမည်ဖြစ်ရာ ပရိသတ်များမှာ ဒေါ့မွန်ကွင်းအပြင်ဘက်တွင် စုရုံးရန်ရှိနေသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများရှိနေ၍ ပရိသတ်များမစုရုံးရန် မြို့တော်ဝန်က ဆိုခဲ့ခြင်းဖြစ်ပြီး နေအိမ်၌သာနေထိုင်ရန် ပြောခဲ့သည်။ ဂျာမနီ၌ မေ ၁၄ ရက်အထိ COVID-19 ကူးစက်သူဦးရေ ၁၇ဝဝဝဝ ကျော်နေသည်။



ဖတ်ရှုမှုအများဆုံး