ဧရာဝတီမြစ်အတွင်း ရေချိုးရာက ပျောက်ဆုံးနေသူ၏ အလောင်းကို  နဝဒေးတံတား ရေလယ်တိုင်အနီး ပြန်တွေ့ရှိ

ဧရာဝတီမြစ်အတွင်း ရေချိုးရာက ပျောက်ဆုံးနေသူ၏ အလောင်းကို  နဝဒေးတံတား ရေလယ်တိုင်အနီး ပြန်တွေ့ရှိ

ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာက ရေနစ်ပျောက်ဆုံးနေသူ၏ အလောင်းကို  နဝဒေးဧရာဝတီမြစ် ကူးတံတား ရေလယ်တိုင်အနီး ပြန်လည်တွေ့ရှိခဲ့ကြောင်း မေလ ၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

မေ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန်တွင် ပန်းတောင်းမြို့ နဝဒေး ဧရာဝတီ မြစ်ကူးတံတား ရေလယ်တိုင်အမှတ် (၇)အနီးတွင် အမျိုးသား အလောင်းတွေ့ရှိကြောင်း သတင်းအရ ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်အောင် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ မေ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ အချိန်တွင် ပြည်မြို့ နဝင်းရပ်ကွက် ဖိုးခေါင်အပိုင်း(၁)နေ သိန်းသန်းစိုး (၃၆)နှစ်မှာ ဧရာဝတီမြစ် အတွင်းသို့ ဆင်းသွားခဲ့သည်ကို အစ်ကိုဖြစ်သူက တွေ့မြင့်ခဲ့ကြောင်း သိရသည်။

ခဏအကြာ ဧရာဝတီမြစ် အတွင်း လူတစ်ဦးရေနစ်နေကြောင်း ပတ်ဝန်းကျင်မှ ပြောပြသိရသဖြင့် သွားကြည့်ရာ ညီဖြစ်သူ သိန်းသန်းစိုး ဖြစ်ကြောင်း သိရသဖြင့် ရာအိမ်မှူးနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့က ဝိုင်းဝန်းရှာဖွေခဲ့ရာ မေ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် ရေနစ်မြုပ်သွားသူ သိန်းသန်းစိုး အလောင်းကို နဝဒေး ဧရာဝတီမြစ်ကူးတံတား ရေလည်တိုင်အမှတ် (၇)အနီးတွင်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလောင်းကို ပြည်မြို့ ပရဟိတအဖွဲ့က ဆေးရုံသို့ပို့အပ်ခဲ့ရာ အလောင်းအား ရဲဆေးစာဖြင့် ပီအာရ် ၁၀ ဖြင့် လက်ခံခဲ့ပြီး ပန်းတောင်းမြို့မရဲစခန်းက သေမှု့သေခင်းအမှတ်စဉ် (၆/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။