မန္တလေးတွင် သရက်သီးဈေးရောင်းပွဲ မလုပ်ဖြစ်တော့ဘဲ Quarantine Center များသို့ လှူမည်

မန္တလေးတွင် သရက်သီးဈေးရောင်းပွဲ မလုပ်ဖြစ်တော့ဘဲ Quarantine Center များသို့ လှူမည်

မန္တလေးမြို့ ကုသိုလ်တော်ဘုရားတွင် နှစ်စဉ်ပြုလုပ်သည့် သရက်သီးဈေးရောင်းပွဲတော်ကို ယခုနှစ်တွင် COVID-19 ကြောင့် မလုပ်ဖြစ်တော့ဘဲ ရန်ကုန်နှင့်မန္တလေးမြို့များမှ Quarantine Center များသို့ သွား ရောက်ပေးလှူမည်ဖြစ်ကြောင်း မြန်မာ့သရက်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

သရက်သီးဈေးရောင်းပွဲတော်ကို နှစ်စဉ် မေလဒုတိယပတ်နှင့် တတိယပတ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းအစိုးရလမ်းညွှန်မှုခံယူကာ မေ ၁၈ ရက်မှ စတင် လှူဒါန်းမည်ဖြစ်ကာ မန္တလေးသို့ ၁၇ ရက်နောက်ဆုံးထားပေးပို့ကြရန်ဖြစ်သည်။

“သရက်သီး ဈေးရောင်းပွဲတော် နှစ်စဉ်နှစ်တိုင်းလုပ်ခဲ့ပေမယ့် ဒီနှစ်မှာ ကိုဗစ်ကြောင့် မလုပ်ဖြစ်တော့ဘူး။ အသင်းကပဲ သရက်တောင်သူတွေကို ဆက်သွယ်ပြီး ကိုဗစ်မှာ လှုပ်ရှားနေကြတဲ့ ဆေးရုံက ဆရာဝန်၊သူနာပြုတွေ လုပ်အားပေးနေသူတွေကို လှူမယ်။စိန်တလုံးသရက်သီးများမှာပါ။သရက်သီးပို့တဲ့ကားခကို အသင်းက ကျခံမယ်”ဟု ၎င်းက ပြောသည်။

အသင်းအနေဖြင့် တောင်သူများကို ချိတ်ဆက်ခဲ့ရာ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ သရက်တောင်သူများက လှူဒါန်းရန်ပေးပို့သည့် စာရင်းများ လက်ခံရရှိထားသည်။

COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကူညီပေးနေသူများအား လှူဒါန်းမည်ဖြစ်ရာ ပိုလျှံပါက ရန်ကုန်မြို့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး