Quarantine Center သို့ ဧည့်လာတွေ့သူထံမှ စိတ်ကြွဆေးများ ဖမ်းမိ
ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်အတွင်းရှိ FacilityQuarantine Centerသို့ ဧည့်လာတွေ့သူထံမှ စိတ်ကြွမူးယစ်ဆေးပြားများကို ယနေ့ မေ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
ယနေ့ နံနက် ၁၁ နာရီတွင် ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်၌Facility Quarantine Center အဖြစ်ထားရှိသည့် အထက(ခွဲ) အလက-၂ သို့ ဧည့်တွေ့လာသူ ကော့သောင်းမြို့၊ရွှေဇင်ယော်ရပ်ကွက်နေ အောင်ဆန်းဦး ၁၉ နှစ်ကို တာဝန်ကျရဲတပ်ဖွဲ့ဝင်တို့က စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် ၎င်းယူဆောင်လာသည့် ဖောက်လက်စမုန့်ထုပ်အတွင်းမှ. အဖြူရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY ဆေးပြား(၁၈)ပြားကို တွေ့ရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ကော့သောင်းမြို့ မရဲစခန်းက မယ(ပ)၉၈/၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၆ (ဂ) အရ အမှုဖွင့်အရေးယူထားသည်။
















