ဦးပိန်တံတားတွင် ဖြတ်သန်းခွင့် တားမြစ်ထားသည့် သစ်သားများကို ဖြုတ်ချခံရ

ဦးပိန်တံတားတွင် ဖြတ်သန်းခွင့် တားမြစ်ထားသည့် သစ်သားများကို ဖြုတ်ချခံရ

အမရပူရမြို့နယ် တောင်သမန် ဦးပိန်တံတားတွင် ကိုဗစ်ကာလအတွင်း လမ်းလျှောက်ခြင်း နှင့် ဖြတ်သန်းသွား လာခြင်းမပြုရန် တားမြစ်ထားသည့် သစ်သားများ မေ ၁၉ ရက်ညပိုင်းက အဖြုတ် ခံခဲ့ရသဖြင့် ယနေ့ မေ ၂၀ ရက် နံနက် ၉ နာရီက ပြန်လည်ပြုလုပ်ခဲ့ရကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကိုကျော်ဦးကပြောသည်။

ဦးပိန်တံတားပေါ်  ဖြတ်သန်းခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းအား ကိုဗစ်ကာလ ကန့်သတ်ချက်များအရ ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်၍ ယနေ့ထိ ပိတ်ထားခြင်းဖြစ်ကာ ယခုလကုန်တွင် ပြန်လည် ဖွင့်လှစ်ခွင့် ရနိုင်သည်ဟုဆိုသည်။

“တံတားပေါ်မဖြတ်ရ ဆိုပြီးပိတ်ထားတာက မနက်မှာ တံတားကြီးက ပွင့်နေတယ်။ပိတ်ထားတဲ့ အသားတွေ မရှိ တော့ဘူး။ တံတားအောက် ပစ်ထားတာတွေ့ရတယ်။ မနက်မှာ ချက်ခြင်းပြန်ပိတ် လိုက်တယ်။ ကျွန်တော်တို့က တံတားနဲ့ သာသန နယ်မြေ လုံခြုံရေးအဖြစ် ညတိုင်း ကင်းစောင့်ခဲတာ။ ခုတော့ ကင်းအဖွဲ့ကို ၁၅ ရက်က ဖျက်လိုက်တာဆိုတော့ ဘယ်သူလုပ်တာလဲ မသိတော့ဘူး။”ဟု ၎င်းကပြောသည်။

တံတားပတ်ဝန်းကျင်နှင့် သာသန နယ်မြေ လုံခြုံရေး ကင်းအဖွဲ့အနေဖြင့် တံတားပိတ်လိုက်သည့် ရက်မှ မေ ၁၅ ရက်အထိ ညစဉ် ကင်းစောင့်ပြီး ကင်းလှည့်ဆောင်ရွက်ခဲ့ကြောင်း၊မေ ၁၈ ရက်နေ့ ညပိုင်းကလည်း တောင်ခွင်မင်းကြီးကျောင်းတိုက် အနောက်ဘက်ရှိ သတ္တဌာနဘုရားတံခါးသော့များဖျက်ဆီးခံရပြီး ရေစုပ်စက် ၂ လုံးခိုးယူခံ ခဲ့ရကြောင်းသိရသည်။

“တံတားလုံခြုံရေးနဲ့ ကင်းစောင့်တဲ့အခါ လူကြီးတွေက ထောက်ပံ့တာ မရှိဘူး။ရေဘူး တစ်ဘူး တောင် မလာဘူး။ ဆိုင်ခန်းတွေကတော့ လာကြပါတယ်။ ကိုယ့်စရိတ်နဲ့ကိုယ်ဆိုတော့ ကျွန်တော်တို့လည်း ဖျက်သိမ်းခဲ့တယ်။ အဲဒီ နောက် ခုလိုဖြစ်တာပဲ”ဟု ဆက်လက်ပြောကြားသည်။

တောင်သမန် ဦးပိန်တံတားအား ကိုဗစ်ကာလ ရောဂါထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများကြောင့် ဆိုင်ခန်းများနှင့် တံတားပေါ်ဖြတ်သန်းခွင့် တားမြစ်ထားရာ ၎င်းနေရာကို မှီခိုနေရသူများအတွက် အခက်အခဲများရှိနေပြီး နေ့စဉ်ဝင်ငွေရရှိရေးအတွက် ပြန်ဖွင့်ရန်မျှော်လင့်ကြသည်ဟုဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး