လီဗာပူး တောင်ပံတိုက်စစ်မှူး မိုဟာမက်ဆာလက်ချ်၏ ပုံစံတူ မျက်နှာဖုံးများတပ်ဆင်ကာ လက်နက် ကိုင်ဆောင်၍ စတိုးဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်ခဲ့သည့်ဖြစ်ရပ်တစ်ခု အီဂျစ်နိုင်ငံ၌ဖြစ်ပွားခဲ့ပြီး ဓားပြတိုက် သူလေးဦးစလုံး အဖမ်းခံရကြောင်း ဂိုးလ်ကွန်က ဖော်ပြခဲ့သည်။
ကိုင်ရိုရှိ နာဆာမြို့ ဟက်ဆာနေ ဟေကယ်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဓားပြလေးဦးစလုံးမှာ ဆာလက်ချ် ပုံစံတူမျက်နှာဖုံးများ ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးရဲတပ်ဖွဲ့က ဓားပြ များကိုဖမ်းဆီးရန် အားထုတ်ခဲ့ချိန် လေးဦးစလုံးမှာ ထွက်ပြေးလွတ်မြောက် ရန် ကြိုးစားခဲ့သော်လည်း အဖမ်းခံရ ခြင်းဖြစ်သည်။
အသက်(၂၇)အရွယ် ဆာလက်ချ် သည် ဘက်စ်ရွန်းမြို့ နက်ရက်ကျေး ရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး အီဂျစ်၌ အလွှမ်းမိုးနိုင်ဆုံး အားကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသည်။
ဆာ လက်ချ်သည် အီဂျစ်လက်ရွေးစင် အသင်း၏ အဓိကကစားသမားဖြစ်ပြီး ၆၇ ပွဲကစားထားရာ ၄၁ ဂိုးသွင်းယူ ထားသည်။ ၂ဝဝဝ ပြည့်နှစ်က အယ်လ်မိုကော် လွန်းအသင်းနှင့် ပရိုဘဝစတင်ခဲ့သော ဆာလက်ချ်သည် လီဗာပူးသို့မပြောင်းမီ ဘေဆယ်လ်၊ ချယ်လ်ဆီး၊ ဖီအိုရင်တီး နားနှင့် ရိုးမားတို့၌ ကစားခဲ့ဖူးသည်။
၄င်းသည် ၂ဝ၁၇ ခုနှစ်က လီဗာပူးသို့ ပြောင်းခဲ့ပြီးမှ ကမ္ဘာ့အကောင်းဆုံးကစား သမားများထဲတွင် ပါဝင်လာသည်။















