အသင်း၏ကစားသမားတစ်ဦးနှင့် ဝန်ထမ်းနှစ်ဦး၌ COVID-19 Positive တွေ့ရကြောင်း ဝက်ဖို့ဒ်အသင်း က အသိပေးထုတ်ပြန်ခဲ့ဟု ဘီဘီစီက ဖော်ပြခဲ့သည်။
ဘောလုံးပွဲများပြန်လည်စတင်ရန် ကြိုးစားနေသည့်အချိန် မေ ၁၇ ရက် နှင့် ၁၈ ရက်၌ အသင်း ၁၉ သင်းမှ ကစားသမားများနှင့် ဝန်ထမ်းများ စုစုပေါင်း ၇၄၈ ဦးကို COVID-19 စစ်ခဲ့ရာ ခြောက်ဦးမှာ Positive ဖြစ် နေကြောင်း ပရီးမီးယားလိဂ်မှထုတ်ပြန် ခဲ့ပြီးနောက် ဝက်ဖို့ဒ်အသင်းက လူ သုံးဦး ဗိုင်းရပ်စ်ထိနေဟု အသိပေးခဲ့ သည်။ ပရီးမီးယားလိဂ်၏ထုတ်ပြန် ချက်၌ အသင်းသုံးသင်းမှ စုစုပေါင်း လူခြောက်ဦး COVID-19 ဖြစ်နေဟု ပါရှိခဲ့ရာ ဝက်ဖို့ဒ်အပြင် ဘန်လေမှ လက်ထောက်နည်းပြတစ်ဦးလည်းပါဝင် ခဲ့ပြီး ကျန်အသင်းတစ်သင်း၏အမည်ကို မသိရသေးပေ။
''COVID-19 ဖြစ်နေတဲ့သူက သုံးဦးပါ။ ကစားသမားတစ်ဦးနဲ့ ဝန်ထမ်းနှစ်ဦးဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်တွေကိုတော့ ကျွန်တော်တို့ ပြောပြဖို့မရှိပါဘူး။ သူတို့သုံးဦးစလုံး တစ်ပတ် သီးခြားစီနေရမှာပါ'' ဟု ဝက်ဖို့ဒ်က ထုတ်ပြန်ခဲ့သည်။ ဝက် ဖို့ဒ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဒီနေးက မိသားစုကျန်းမာရေးအခြေ အနေစိုးရိမ်ရသောကြောင့် အသင်းနှင့် လေ့ကျင့်ခန်းဆင်းရန် ငြင်းဆန်ထား သည်။
ဘန်လေအသင်းလက်ထောက် နည်းပြ အီယန်ဝိုယန်မှာလည်း COVID-19 ဖြစ်နေကြောင်း သိရသည်။ ကွင်းလယ်ကစားသမားဟောင်း ဝိုယန် မှာ သီးခြားတစ်ပတ်နေထိုင်ကာ အခြေ အနေစောင့်ကြည့်ရမည်ဟု ဘန်လေ အသင်းက ဆိုသည်။ ပရီးမီးယားလိဂ် သည် အသင်း ၁၉ သင်းမှလူများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နောဝစ်ချ်မှာ မေ ၂ဝ ရက်က COVID-19 စစ်ဆေး ခဲ့သည်။
ပရီးမီးယားလိဂ်သည် COVID-19 ကြောင့် ပြီးခဲ့သည့်မတ် ၁၃ ရက်မှစတင် ကာ ရပ်နားထားရသည်။ ယခုနှစ်ပရီး မီးယားလိဂ်ရာသီကုန်ဆုံးရန် စုစုပေါင်း ၉၂ ပွဲကစားရန်ကျန်ရှိနေသည်။ ပရီး မီးယားလိဂ်တာဝန်ရှိသူများက ပြိုင်ပွဲ ပြန်လည်စတင်ရန် စိတ်အားထက်သန် နေသော်လည်း ကလပ်များ၌ COVID-19 ဖြစ်ပွားမှုရှိလာ၍ စိုးရိမ်စရာဖြစ်နေ သည်။ လက်ရှိတွင် ဥရောပထိပ်တန်း လိဂ်ငါးခုအနက် ဘွန်ဒက်စ်လီဂါသာ ပြန်ကစားနေသည်။
ဗြိတိန်၌ မေ ၂ဝ ရက်အထိ COVID-19 ကူးစက်သူ ၂၄ဝဝဝဝ ကျော်ရှိနေသည်။















