COVID-19 ဗိုင်းရပ်စ်လန့်နေသူ ကန်တီ ချယ်လ်ဆီးနှင့် လေ့ကျင့်ခန်းမဆင်း COVID-19 ဖြစ်နေကြောင်း ဝက်ဖို့ဒ်နောက်ခံလူပြော

COVID-19 ဗိုင်းရပ်စ်လန့်နေသူ ကန်တီ ချယ်လ်ဆီးနှင့် လေ့ကျင့်ခန်းမဆင်း COVID-19 ဖြစ်နေကြောင်း ဝက်ဖို့ဒ်နောက်ခံလူပြော

ပြင်သစ်ကွင်းလယ်လူ ကန်တီသည် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် ချယ်လ်ဆီးအသင်း နှင့် လေ့ကျင့်ခန်းမဆင်းခဲ့ကြောင်း ဂါးဒီးယန်းက ဖော်ပြခဲ့သည်။

အသက်(၂၉)နှစ်အရွယ် ကန်တီသည် COVID-19 စစ်ဆေးခဲ့ရာ Negative ပြခဲ့ပြီးနောက် မေ ၁၉ ရက်စတင်ခဲ့သော အုပ်စုငယ်ဖွဲ့လေ့ ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ခဲ့သည်။ ဗြိတိန်၌ ကစားသမားများမှာ ဘေးကင်း စွာဖြင့် လေ့ကျင့်ခန်းပြုလုပ်နိုင်မည်ကို ကန်တီက အယုံအကြည်မရှိပေ။ ပရီး မီးယားလိဂ်ပြန်စရန် အားထုတ်နေမှု အပေါ် ကန်တီက စိုးရိမ်နေသည်။

ထို့ကြောင့် ကန်တီသည် လေ့ကျင့် မှု ဒုတိယနေ့အစီအစဉ်ကို ပျက်ကွက် ရန်တောင်းဆိုခဲ့ပြီး ချယ်လ်ဆီးနည်းပြ လမ်းပတ်ကလည်း လက်ခံခဲ့သည်။ ကန်တီသည် အသင်းနှင့်လေ့ကျင့်ခန်း မဆင်းဘဲ နေအိမ်၌လေ့ကျင့်နေသည် ဟု ယုံကြည်ရသည်။

ကန်တီသည် အသက်(၁၁)နှစ် အရွယ်က ဖခင်ကိုဆုံးရှုံးခဲ့သူဖြစ်သည်။ ကန်တီ၏အစ်ကိုဖြစ်သူ နီယန်မက်ချ် မှာ ၂ဝ၁၈ ကမ္ဘာ့ဖလားမစမီ နှလုံး ရောဂါဖြင့်ဆုံးပါးခဲ့သည်။ ကန်တီသည် လွန်ခဲ့သည့်နှစ်နှစ်ခန့်က လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် အားကုန်ကာ အဝတ် လဲခန်းတွင် လဲကျခဲ့ဖူးကြောင်း သိရ သည်။ ကန်တီသည် ၎င်းနှင့်မိသားစုဝင်များ၏ ကျန်းမာရေးကို စိုးရိမ်သဖြင့် သီးခြားလေ့ကျင့်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ နာမကျန်းဖြစ်နေသော တောင်ပံတိုက်စစ်မှူးအိုဒွိုင်းမှာ ကန်တီ နည်းတူ ဗုဒ္ဓဟူးနေ့လေ့ကျင့်ခန်းကို လွဲချော်ခဲ့သည်။

ဝက်ဖို့ဒ် နောက်ခံလူတစ်ဦးဖြစ်သော မာရီယက်ပါက ကလပ်ရှိ COVID-19 လူနာသုံးဦးထဲတွင် ၎င်း ပါဝင်နေကြောင်း ပြောကြားခဲ့သည်။ ဝက်ဖို့ဒ်ကစားသမားတစ်ဦးနှင့် အသင်း ဝန်ထမ်းနှစ်ဦးတို့ COVID-19 ဖြစ်နေ ကြောင်း အတည်ပြုခဲ့ပြီးနောက် မာရီ ယက်ပါက ဝန်ခံခဲ့ခြင်းဖြစ်သည်။

၎င်းက ''တော်တော်ထူးဆန်း ပါတယ်။ အိမ်အပြင်မထွက်ဘဲနဲ့ COVID-19 ဖြစ်ခဲ့တာပါ။ ကျွန်တော့်ဘဝ ဖြတ်သန်းမှုက အေးအေးဆေးဆေး နေတတ်တယ်။ ဘယ်ပါတီမှ မသွားသလို ဘယ်ကိုမှလည်းမသွားဘူး။ ဘယ်လို ကူးသလဲဆိုတာကို ကျွန်တော် အခုထိ တကယ်မသိဘူး''ဟု ဆိုခဲ့သည်။

ဗြိတိန်၌ မေ ၂၁ ရက်အထိ ဗိုင်း ရပ်စ်ကူးစက်သူ ၂၄ဝဝဝဝ ကျော်ရှိ နေကြောင်း သိရသည်။ ရောဂါထိန်း ချုပ်ရန်ကြိုးစားနေချိန် ပရီးမီးယားလိဂ် ပြန်စရန်မှာ အခက်အခဲများကျော်ဖြတ် ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး