လေ့ကျင့်ခန်းပြန်ဆင်းချိန် ဘေးကင်းကြောင်း ခံစားရဟု မက်ဂွိုင်းယား ပြောကြား

လေ့ကျင့်ခန်းပြန်ဆင်းချိန် ဘေးကင်းကြောင်း ခံစားရဟု မက်ဂွိုင်းယား ပြောကြား

မန်ယူအသင်းခေါင်းဆောင် မက် ဂွိုင်းယားက COVID-19 ကာလ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ရာ၌ ဘေး ကင်းပြီးလုံခြုံစိတ်ချရသည်ဟု ခံစားရ ကြောင်း ကလပ်ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်သည် အသင်း ၁၉ သင်းကို COVID-19 စစ်ဆေး ခဲ့ရာ ၇၄၈ ဦးအနက် ခြောက်ဦးမှာ ဗိုင်းရပ်စ်ထိခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှု ရှိနေသော်လည်း ပရီးမီးယားလိဂ်သည် အဆင့်(၁)ခြေလှမ်းအဖြစ် မေ ၁၉ ရက်မှစတင်ကာ အုပ်စုငယ်ဖွဲ့လေ့ကျင့် ရန် ညွှန်ကြားခဲ့သည်။

မန်ယူသည် COVID-19 ကြောင့် အသင်းလိုက်လေ့ ကျင့်မှု နှစ်လခန့်ကင်းကွားခဲ့ပြီးနောက် မေ ၂ဝ ရက်က ကာရင်တန်လေ့ကျင့် ရေးကွင်းတွင် ပြန်လည်စုရုံးနိုင်ခဲ့သည်။ စည်းကမ်းများလိုက်နာကာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်၍ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားက ကျေနပ်နေသည်။

''လေ့ကျင့်ခန်း ပြန်လုပ်နိုင်တဲ့ ပထမဆုံးနေ့ပါ။ လုံခြုံစိတ်ချပုံရပြီး လူတိုင်းက Social Distancing စည်းကမ်းတွေကို လိုက်နာတယ်။ ဒီလို ပုံစံဆက်သွားရင် ဘယ်သူမှပြဿနာ မရှိနိုင်ဘူးလို့ ကျွန်တော်ပြောရဲပါတယ်။ လေ့ကျင့်ရေးကွင်းမှာ လူတွေအများကြီး နည်းသွားတယ်။ နည်းပြတစ်ယောက်နဲ့ ကျွန်တော်တို့ လေးယောက်တစ်အုပ်စု လေ့ကျင့်ရတယ်။ တစ်ယောက်နဲ့တစ် ယောက် ကပ်မနေဘူး။ မလေ့ကျင့်မီ ကျွန်တော်တို့ ဗိုင်းရပ်စ်ရှိ မရှိ စစ်ရ တယ်''ဟု မက်ဂွိုင်းယားက ဆိုသည်။



ဖတ်ရှုမှုအများဆုံး