ဘုန်းမောက် ကစားသမားတစ်ဦးနှင့် ဟားလ်စီးတီးမှနှစ်ဦး COVID-19 ဖြစ်

ဘုန်းမောက် ကစားသမားတစ်ဦးနှင့် ဟားလ်စီးတီးမှနှစ်ဦး COVID-19 ဖြစ်

ပရီးမီးယားလိဂ်သည် COVID-19 ဒုတိယအဆင့် စစ်ဆေးမှုအဖြစ် ကစားသမားများနှင့် ဝန်ထမ်းစုစုပေါင်း ၉၉၆ ဦးကိုစစ်ဆေးခဲ့ရာ နှစ်ဦးဗိုင်းရပ်စ် ထိကြောင်း အဖြေထွက်ပြီးနောက် ယင်းနှစ်ဦးအနက် တစ်ဦးမှာ ဘုန်းမောက်မှ ဖြစ်ကြောင်း ဘီဘီစီကဖော်ပြခဲ့သည်။

COVID-19 ဖြစ်နေသောကစားသမား၏အမည်ကိုမူ ဘုန်းမောက်အသင်း က ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ သီးခြားတစ်ပတ် နေထိုင်ရမည်ဖြစ်ကြောင်းသာ ကြေညာခဲ့သည်။

ပရီးမီးယားလိဂ်၌ COVID-19 ဒုတိယအဆင့် စစ်ဆေးပြီးချိန် လူပေါင်း ၁၇၄၄ ဦးအနက် ရှစ်ဦးဗိုင်းရပ်စ်ကူးစက်ခဲ့သည်။

ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းမှ လူနှစ်ဦး၌လည်း COVID-19 Positive ပြနေကြောင်း သိရသည်။

ချန်ပီယံရှစ်သည် အသင်း ၂၄ သင်းမှ လူပေါင်း ၁ဝ၁၄ ဦးကို COVID-19 စစ်ဆေးခဲ့သည်။ ဗိုင်းရပ်စ်ထိသူမှာ ကစားသမား သို့မဟုတ် ဝန်ထမ်းဖြစ်သည်ကို ဟားလ်စီးတီးက မကြေညာပေ။



ဖတ်ရှုမှုအများဆုံး