စစ်ကိုင်း၌ လောင်းကြေး သိန်း ၈၀ ကျော်နှင့်အတူ လေးကောင်ဂျင်ဝိုင်း ဖမ်းဆီးရမိ

စစ်ကိုင်း၌ လောင်းကြေး သိန်း ၈၀ ကျော်နှင့်အတူ လေးကောင်ဂျင်ဝိုင်း ဖမ်းဆီးရမိ

စစ်ကိုင်းမြိုတွင် လောင်းကြေး သိန်း ၈၀ ကျော်နှင့်အတူ လေးကောင်ဂျင်ဝိုင်း ဖမ်းဆီးရမိမှုကို ယနေ့ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မေ ၂၉ ရက် နံနက်၂ နာရီ ၁၅ မိနစ်အချိန် ၊ စစ်ကိုင်းမြို့နယ်၊ ဇေယျာကွက်သစ်ရပ် ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်းအနီး ထန်းလက်တဲအတွင်း လေးကောင်ဂျင်းဝိုင်း လောင်းကစားနေကြောင်းသတင်းအရ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးမောင်မောင်သိန်း နှင့် တပ်ဖွဲဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

အဆိုပါနေရာတွင်လောင်းကစားပြုလုပ်နေသူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်လူများမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

အဆိုပါနေရာတွင် လောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့်ကား တစ်စီး၊ ၊ ငွေသား ကျပ်သိန်း (၈၀)ကျော် ၊ ဂျင်သီး(၃)လုံး ၊ကြွေပုဂံ တစ်ချပ်ပါ အုပ်ဆောင်းတစ်ခု၊ အဖြူရောင်ဗီနိုင်းစပေါ်တွင် ကြက် ဝက်၊ မြွေ၊ဖား၊ အရုပ်များရေးဆွဲထား သည့်ဇယားတစ်ချပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့အား စစ်ကိုင်းမြို့မရဲစခန်းက လောင်းကစားဥပဒေအရ အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။