မရမ်းကုန်းမြို့နယ်၌ Online ဖြင့် လောင်းကစားပြုလုပ်နေသူ ၉ ဦးကို ဖမ်းဆီး

မရမ်းကုန်းမြို့နယ်၌ Online ဖြင့် လောင်းကစားပြုလုပ်နေသူ ၉ ဦးကို ဖမ်းဆီး

မရမ်းကုန်းမြို့နယ်၌ Online ဖြင့် လောင်းကစားပြုလုပ်နေသူ ၉ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့မေ ၃၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဇော်ဇော်ဦး(၄၃)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မေ ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။

လောင်းကစားပြုလုပ်နေသူ တစ်ရပ်ကွက်တည်းနေ ဖြိုးမြင့်သူ(၃၃)နှစ်ပါ ၈ ဦးတို့နှင့်အတူ ဇော်ဇော်ဦးကို တွေ့ရှိခဲ့သည်။

၎င်းနေအိမ်ဧည့်ခန်းအတွင်း၌ Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃ လုံး၊ ဖုန်း ၁၅ လုံး၊ ဘဏ်စာအုပ် ၆ အုပ်နှင့် ဘဏ်ကတ်မျိုးစုံ၊ နိုင်ငံကူးလက်မှတ် စာအုပ် ၃ အုပ်၊ ငွေလွှဲလက်ခံပြေစာ ဖြတ်ပိုင်း ၂၁ ရွက်၊ ငွေစက္ကူရောရာ ၃,၃၀ဝ,ဝ၀ဝ ကျပ်၊ Wi-Fi လွှင့်စက် ၁ လုံး၊ Wave Money လုပ်ကိုင်သည့် ဆင်းကတ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဇော်ဦးပါ ၉ ဦးတို့ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဘုရင့်နောင်နယ်မြေရဲစခန်းက(ပ)၉၄၈/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) အရ အမှုဖွင့်အရေးယူထားသည်။