လာလီဂါလက်ရှိချန်ပီယံ ဘာစီလို နာသည် COVID-19 ကာလအတွင်း ဇွန် ၁၃ ရက်၌ လာလီဂါပွဲစဉ်(၂၈)အဖြစ် မာယော့ကာကွင်းသို့သွားရောက် ကစားမည်ဖြစ်ကြောင်း ဘီဘီစီကဖော် ပြခဲ့သည်။
စပိန်လာလီဂါသည် COVID-19ကြောင့် မတ် ၁၂ ရက်မှစ၍ရွှေ့ဆိုင်း ထားရသော်လည်း လက်ရှိတွင် အစိုးရက ပြန်စခွင့်ပြုထားရာ ဇွန် ၁၂ ရက်၌ ဆီဗီလာနှင့်ဘက်တစ်တို့၏ ဒါဘီပွဲဖြင့် ပြန်လည်အသက်ဝင်မည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်မှာ ဇွန် ၁၄ ရက်၌ အီဘာအား လက်ခံကစားရမည်ဖြစ် သည်။ လာလီဂါပြိုင်ပွဲကျင်းပရေးကော် မတီသည် ပွဲစဉ်(၂၈)နှင့် (၂၉)၏ အသေးစိတ်အချိန်ဇယားကို ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။
ဘာစီလိုနာသည် ပွဲစဉ်(၂၉)အဖြစ် ဇွန် ၁၆ ရက်၌ လီဂါနက်စ်အား လက်ခံ ကစားမည်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ ဇွန် ၁၈ ရက်တွင် ဗလင်စီယာအား လက်ခံကစားရမည်ဖြစ်သည်။ လာလီ ဂါသည် ဇူလိုင် ၁၉ ရက်တွင်ပြီးဆုံး မည်ဟု ယုံကြည်ရသည်။
ရာသီသစ်ကို စက်တင်ဘာ ၁၂ ရက်တွင်စနိုင်မည်ဟု လာလီဂါဥက္ကဋ္ဌ ဂျာဗီးယားတီဘတ်စ်က ဆိုထားသည်။ ဘာစီလိုနာသည် လိဂ်ရွှေ့ဆိုင်းလိုက် ရချိန် ၅၈ မှတ်ဖြင့် ရီးရဲလ်ကိုနှစ်မှတ် ဖြတ်ကာ ဦးဆောင်နေသည်။















