တာချီလိတ်ခရိုင် မိုင်းဟဲအုပ်စုတွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂ သိန်းကျော် ကို သိမ်းဆည်းရမိခဲ့ကြောင်း ဇွန် ၄ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
ဇွန် ၂ ရက် နံနက် ၉ နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းဟဲအုပ်စု၊ ယန်းဒေါင်-စန်းယုသွား ကားလမ်း မြောက်ဘက်(၃)မိုင်ခန့်တွင် တာလေရဲစခန်းမှ ရဲအုပ်သောင်းရွှေအဖွဲ့က လော်ဒန်း(ခ)လော်ကောင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေခဲ့သည်။
၎င်းဆိုင်ကယ် ခွကြားရှိ ဆာလာအိတ်အတွင်းမှ Y 1တံဆိပ်ပါ မှိုင်းတိုင် စက္ကူဖြင့် တစ်ထပ်တိပ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း(၂၀၂၀၀၀)ပြား (ကျပ် ၂၀၂,၀၀၀,၀၀ဝ ဖိုး) ကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်နှင့် ထိုင်းငွေ ၈၅၀ ဘတ်ကိုလည်းကောင်း၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
တာလေရဲစခန်းမယ(ပ)၆၇/၂၀၂၀မူးစိတ်ပုဒ်မ၁၉က/၂၀ (က ) အရအမှုရေးဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။

















