ဇွန် ၄ ရက်နှင့် ၅ ရက်၌ COVID-19 စစ်ဆေးမှုထပ်မံပြုလုပ်ခဲ့ရာ ပို့တွေ့လူနာမရှိကြောင်း ပရီး မီးယားလိဂ်က အသိပေးထုတ်ပြန်ခဲ့သည်။
ပရီးမီးယားလိဂ်သည် ခြောက်ကြိမ်မြောက် COVID-19 စစ်ဆေးမှုအဖြစ် ကစားသမားများနှင့်ဝန်ထမ်း စုစုပေါင်း ၁၁၉၅ ဦးကို စစ်ဆေးခဲ့ရာ ဒုတိယအကြိမ် ထပ်တိုးလူနာမတွေ့ခဲ့ရခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ရှိမရှိ ပရီးမီးယားလိဂ်၏ နောက်ဆုံးသုံးကြိမ် စစ်ဆေးခဲ့ရာ၌ လူနာသစ်တစ်ဦးသာရှိနေသည်။ ပရီး မီးယားလိဂ်သည် မေလမှစတင်၍ COVID-19 စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဇွန် ၅ ရက်အထိ လူပေါင်း ၆၂၇၄ ဦးကိုစစ်ဆေးခဲ့ရာ ၁၃ ဦး ပိုးမတွေ့ဘဲ ၆၂၆၁ ဦးဗိုင်းရပ်စ် ကင်းစင်ခဲ့သည်။
ပရီးမီးယားလိဂ်သည် COVID-19 ကြောင့် မတ် ၁၃ ရက်မှစတင်၍ ပြိုင်ပွဲရွှေ့ဆိုင်းထားရပြီး ယခုအခါ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဇွန် ၁၇ ရက်တွင် ပြိုင်ပွဲပြန်စတော့မည်ဖြစ်သည်။
ဇွန် ၁၇ ရက်၌ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ် ဗီလာ-ရှက်ဖီးလ် ယူနိုက်တက်၊ မန်စီးတီး-အာဆင်နယ် တို့၏ပွဲများဖြင့် ပြန်လည်စတင်မည်ဖြစ်သည်။
ပရီးမီးယားလိဂ်သည် ရာသီကုန်ဆုံးရန် စုစုပေါင်း ၉၂ ပွဲကျန်ရှိနေပြီး ပြန်စမည့်ပြိုင်ပွဲတွင် ကစားသမားငါးဦး လူစားလဲခွင့်ရမည်ဖြစ်သည်။















