ချန်ပီယံရှစ်၌ COVID-19 Positive နှစ်ဦးထပ်တွေ့ဟု EFL အသိပေးထုတ်ပြန်

ချန်ပီယံရှစ်၌ COVID-19 Positive နှစ်ဦးထပ်တွေ့ဟု EFL အသိပေးထုတ်ပြန်

ဇွန် ၃ ရက်မှ ၆ ရက်အထိ ချန်ပီ ယံရှစ်အသင်း ၂၄ သင်းမှ ကစား သမားများနှင့်ဝန်ထမ်း စုစုပေါင်း ၁၁၇၉ ဦးကို COVID-19 ရှိမရှိ စစ် ဆေးခဲ့ရာ ထပ်တိုးလူနာ နှစ်ဦးရှိ ကြောင်း အင်္ဂလန်ဘောလုံးလိဂ် (EFL) က အသိပေးထုတ်ပြန်ခဲ့သည်။

EFL သည် အင်္ဂလန်လိဂ်-၁ အသင်းလေးသင်းမှကစားသမားများနှင့် ဝန်ထမ်း ၁၃၅ ဦးကို စစ်ဆေးခဲ့ရာ Positive မတွေ့ရဘဲ လိဂ်-၂ အသင်း လေးသင်းမှ လူပေါင်း ၁၃၂ ဦးကို COVID-19 စစ်ဆေး ခဲ့ချိန် တစ်ဦးဗိုင်းရပ်စ်ထိနေကြောင်း သိရသည်။

EFL သည် ဇွန် ၃ ရက် မတိုင်မီ ချန်ပီယံရှစ်နှင့်လိဂ်-၂ မှ လူပေါင်း ၁၂၂ဝ ကို စစ်ဆေးခဲ့ရာ၌မူ အသင်း ခြောက်သင်း၌ စုစုပေါင်း ကိုးဦး Positive တွေ့ခဲ့ရသည်။ ယခု တစ်ကြိမ် ချန်ပီယံရှစ်၌ စစ်ဆေးခဲ့ရာတွင် နှစ်ဦးဗိုင်းရပ်စ်ထိပြီး တစ်ဦးမှာ ဘန် စလေအသင်းမှဖြစ်ကာ ဝန်ထမ်းဖြစ် ကြောင်း သိရသည်။

လိဂ်--၂ ကလပ် Exeter က လည်း ၎င်းတို့အသင်းတွင် တစ်ဦး Positive ဖြစ်နေဟု ပြောသည်။

မေ ၂၁ ရက်မှစတင်၍ ချန်ပီယံရှစ်တွင် လူပေါင်း ၅ဝဝဝ ကျော်ကို COVID-19 စစ်ခဲ့ရာ ၂၆ ဦး Positive တွေ့ခဲ့ရသည်။ ဘန်စလေ၊ ပရက်စတန်၊ ရှက်ဖီးလ်ဝမ့်နက်စ် ဒေး၊ ကာဒစ်ဖ်၊ မစ်ဒယ်ဘရော့၊ ဘလက်ဘန်း၊ ဖူလ်ဟမ်၊ ဟက်ဒါစ်ဖီးလ်နှင့် ဟားလ်စီးတီးတို့က ၎င်းတို့အသင်း၌ Positive လူနာများရှိဟု ပြောသည်။ ချန်ပီယံ ရှစ်သည် လာမည့်ဇွန် ၂ဝ ရက်တွင် ပြန်စမည် ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး