နိုင်ငံအတွင်း COVID-19 ကြောင့် သေဆုံးခဲ့ရသူအရေအတွက်မှာ ၂၇ဝဝဝ ကျော်နေရာ ဗိုင်းရပ်စ်သားကောင်များကို အမှတ်တရအနေဖြင့် လက်ကျန် လာလီဂါနှင့် ဆီဂန်ဒါပွဲများအားလုံးတွင် ပွဲမကစားမီ တစ်မိနစ် ငြိမ်သက်ဂုဏ်ပြု မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ ချုပ်နှင့်လာလီဂါမှ ဇွန် ၇ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
စပိန်နိုင်ငံတွင် COVID-19 ကြောင့် ဘောလုံးပွဲများ သုံးလခန့် ရွှေ့ဆိုင်းထားရပြီးနောက် မကြာမီ ရက်ပိုင်းအတွင်း ဆီဂန်ဒါနှင့် လာလီ ဂါပွဲများပြန်လည်စတင်တော့မည် ဖြစ်သည်။
COVID-19 ကာလ ပထမဆုံးပြန်စမည့်ပွဲမှာ ဆီဂန်ဒါမှ ဗယ်လီကာနိုနှင့် အယ်ဘာစီတီတို့၏ပွဲဖြစ်သည်။ ယင်းပွဲမှာ၂ဝ၁၉ ဒီဇင် ဘာလက ပထမပိုင်းသာကစားခဲ့ရပြီး လူမျိုးရေးခွဲခြားစော်ကားမှုကြောင့် ပွဲရွှေ့ခဲ့ရာ ဇွန် ၁ဝ ရက်၌ ဒုတိယပိုင်း ၄၅ မိနစ်ပြန်ကစားမည် ဖြစ်သည်။
စပိန်လာလီဂါမှာ ဇွန် ၁၁ ရက်၌ ဆီဗီလာနှင့်ဘက်တစ်တို့၏ ဆီဗီးလ် ဒါဘီပွဲဖြင့် ပြန်လည် အသက်ဝင်မည် ဖြစ်သည်။
လာလီဂါ လက်ရှိချန်ပီယံဘာစီလို နာမှာ ဇွန် ၁၃ ရက်၌ မာယော့ကာကွင်း သို့သွားကစားရမည်ဖြစ်ပြီး ရီးရဲလ် မက်ဒရစ်မှာ ဇွန် ၁၄ ရက်တွင် အီဘာ အားလက်ခံကစားရမည် ဖြစ်သည်။
''ဘောလုံးပွဲတွေပြန်စမယ့်အချိန် ပရိုရော ပရိုမဟုတ်တဲ့ ပွဲတွေမှာပါ COVID-19 ကြောင့် အသက်ဆုံးရှုံး ခဲ့တဲ့ လူထောင်ပေါင်းများစွာကို သတိ တရအနေနဲ့ တစ်မိနစ်ငြိမ်သက် ဂုဏ် ပြုမှာပါ''ဟုစပိန်ဘောလုံးအဖွဲ့ချုပ်နှင့် လာလီဂါက ပူးတွဲထုတ်ပြန်ခဲ့ကြသည်။
COVID-19 ကြောင့် ပွဲများရွှေ့ ဆိုင်းခဲ့ရချိန် ဘာစီလိုနာမှာ ၂၇ ပွဲ ကစားအပြီး ၅၈ မှတ်ဖြင့် ရီးရဲလ်မက် ဒရစ်ကို နှစ်မှတ်ဖြတ်ကာ ဦးဆောင် နေသည်။ ဆီဂန်ဒါ၌ ကာဒစ်ဇ်က ၃၁ ပွဲကစားပြီးချိန် ၅၆ မှတ်ဖြင့် ဇာရာဂို ဇာကိုတစ်မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ရပ်တည်နေသည်။















