COVID-19 ကြောင့် ၂ဝ၂ဝ မတ် ၈ ရက်နောက်ပိုင်းရွှေ့ဆိုင်းခဲ့ရ သော ယခုနှစ်အင်္ဂလန်ချန်ပီယံရှစ်ပြိုင် ပွဲမှာ ဇွန် ၂ဝ ရက်၌ ဖူလ်ဟမ်နှင့် ဘရန့်ဖို့ဒ်တို့၏ပွဲစဉ်ဖြင့် ပြန်လည်စတင် တော့မည်ဖြစ်ကြောင်း သိရသည်။
ပြန်လည်စတင်မည့်ပွဲစဉ်၌ ဖူလ် ဟမ်မှာ ၎င်းတို့၏အိမ်ကွင်းတွင် ဘရန့် ဖို့ဒ်အား လက်ခံကစားရမည်ဖြစ်သည်။ ချန်ပီယံရှစ်၌ COVID-19 လူနာများ တွေ့ရှိရသော်လည်း တာဝန်ရှိသူများ က ဇွန် ၂ဝ ရက်၌ပြန်စရန် အတည်ပြု ထားပြီးဖြစ်သည်။
ချန်ပီယံရှစ်ပွဲစဉ်(၃၇)အပြီး အမှတ် ပေးဇယား ဒုတိယနေရာတွင်ရပ်တည် နေသော ဝက်စ်ဘရွန်းမှာ ဇွန် ၂ဝ ရက်၌ပင် မြို့ခံပြိုင်ဘက်ဘာမင်ဂမ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆင့်(၁)မှ လိဒ်မှာ ဇွန် ၂၁ ရက်၌ ကာဒစ်ဖ်နှင့် ကစားရမည်ဖြစ်သည်။ ချန်ပီယံရှစ် သည် ဇွန် ၂ဝ ရက်၌ ပြိုင်ပွဲပြန်စပြီး ဇူလိုင် ၂၂ ရက်တွင် ရာသီကုန်ဆုံး မည်ဖြစ်သည်။ Play-offs ပွဲများကို သြဂုတ် ၂ ရက် သို့မဟုတ် ၃ ရက်တွင် ကစားရန် ရည်ရွယ်ထားသည်။















