နည်းပြမိုက်ကယ်အိုနေးလ်၌ COVID-19 Positive ဖြစ်နေ၍ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးနှင့်ကစားရန် စီစဉ်ထားသောခြေစမ်းပွဲကို ကစားလုဆဲအချိန် မန်ယူ အသင်းက ချက်ချင်းဖျက်သိမ်းခဲ့ကြောင်း ဗြိတိန်သတင်း များက ဖော်ပြခဲ့သည်။
မန်ယူသည် COVID-19 ကာလ ပရီးမီးယားလိဂ် ပြန်စမည့်အချိန် လာမည့်ဇူလိုင် ၁၉ ရက်တွင် စပါးအသင်း နှင့်ကစားရမည်ဖြစ်ရာ လက်ရှိ၌ ကွင်းပိတ်ခြေစမ်းပွဲများ ကစားနေသည်။ မန်ယူသည် မကြာမီကပင် အသင်းနှစ် သင်းခွဲ၍ ခြေစမ်းပွဲကစားခဲ့သည်။ မန်ယူသည် ဇွန် ၉ ရက်က ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် စတုတ်စီးတီးနှင့် ခြေစမ်းရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ နှစ်ဖက်အသင်း ကစားသမားများမှာ ကာရင် တန်ကွင်းသို့ ရောက်ရှိခဲ့ကြပြီးနောက် အိုနေးလ်၏ သတင်းကြောင့် ခြေစမ်းပွဲပျက်ပြယ်ခဲ့သည်။ EFL သည် ချန်ပီယံ ရှစ်ပြန်မစမီ COVID-19 ရှိမရှိစစ်ဆေးမှုများ ပြုလုပ်နေရာ နည်းပြအိုနေးလ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ ကြောင်း အဖြေထွက်ခဲ့သည်။
ကာရင်တန်ကွင်းသို့ စတုတ် စီးတီးကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ ရောက်လာ ခဲ့ကြသော်လည်း မန်ယူကစားသမားများအပါအဝင် နည်းပြ အဖွဲ့ဝင်များနှင့် ထိတွေ့မှုမရှိခဲ့ကြောင်း ယုံကြည်ရသည်။
ခြေစမ်းပွဲပျက်ခဲ့ပြီးနောက် စတုတ်စီးတီးကစားသမား များမှာ ပြန်သွားခဲ့ကြပြီး မန်ယူကစားသမားများက လေ့ကျင့် ရေးကွင်းတွင် ပုံမှန်အတိုင်း လေ့ကျင့်နေခဲ့ဟု သိရသည်။ စတုတ်စီးတီးအသင်းကလည်း နည်းပြအိုနေးလ်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရ၍ ဇွန် ၂ဝ ရက်ကစားမည့် ရီးဒင်းနှင့်ပွဲကို လက်ထောက်နည်းပြ မက်ကင်လေး ကိုင်တွယ်မည်ဟု ထုတ်ပြန်ခဲ့သည်။ ပရီးမီးယားလိဂ်၌ COVID-19 ကူးစက် မှုများရှိနေချိန် ရွှေ့ဆိုင်းခဲ့ရသည့်ပြိုင်ပွဲမှာ လာမည့်ဇွန် ၁၇ ရက်တွင် ပြန်လည်အသက်ဝင်မည်ဖြစ်သည်။















