မန်စီးတီးအသင်းတာဝန်ရှိသူများ သည် ဂွါဒီယိုလာ၏လက်ထောက်နည်း ပြအဖြစ် ဘောလုံးလောက၌ နှစ်ပေါင်း များစွာ ကျင်လည်နေသော ဂျူအန် မန်နျူရယ်လီလိုကို ခန့်အပ်ခဲ့သည်။
မန်စီးတီးလက်ထောက်နည်းပြဖြစ် သူ အာတီတာမှာ ၂ဝ၁၉ ခုနှစ် ဒီဇင် ဘာက အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့ရာ ကလပ်တာဝန်ရှိသူများက နိုင်ငံအစုံ၌ နည်းပြလုပ်ဖူးသော လီလိုကို အစားထိုး ခဲ့ခြင်းဖြစ်သည်။
စပိန်သား လီလိုသည် တရုတ်စူပါလိဂ်ကလပ် ချင်တောက် ဟောင်ဟိုင်ကို တရုတ်စူပါလိဂ်-၁ ချန်ပီယံဖြစ်ရန် စွမ်းဆောင်ပေးခဲ့ပြီး နောက် COVID-19 ကာလအတွင်း စာချုပ်ဖျက်သိမ်းကာ အင်္ဂလန်သို့ ရောက်ရှိလာခဲ့သည်။ လီလိုအတွက် မန်စီးတီးမှာ မတူညီသည့်နိုင်ငံခြောက် နိုင်ငံတွင် အသင်း ၂ဝ မြောက်နည်းပြ လုပ်ကိုင်ရသော ကလပ်ဖြစ်ခဲ့သည်။
လီလိုသည် ၁၉၉၅ ခုနှစ်က အသက် (၂၉)နှစ်အရွယ်ဖြင့် ဆာလာမန်ကာကို နည်းပြခဲ့ရာ လာလီဂါအသက်အငယ်ဆုံး နည်းပြဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၈၁ ခုနှစ်က နည်းပြလောကထဲသို့ဝင်ရောက် ခဲ့ပြီး စပိန်ကလပ်များအပြင် ၂ဝ၁၅ ခုနှစ်က ချီလီလက်ထောက်နည်းပြ အဖြစ် တာဝန်ယူခဲ့သည်။
ဂွါဒီယိုလာသည် ကစားသမား ဘဝက မက္ကဆီကိုကလပ် ဒိုရာဒေါ့တွင် ကစားခဲ့စဉ် ယင်းအချိန်က ဒိုရာဒေါ့ နည်းပြမှာ လီလိုဖြစ်ခဲ့သည်။















