A levels သည် Post 16 British ပညာရေးစနစ်၏ အဓိကစံညွှန်းအဖြစ်ရပ်တည်နေခဲ့သည်မှာ အချိန်အတော် ကြာပြီဖြစ်ပါသည်။ A levels သည် တင်းကျပ်သော်လည်း ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်များသို့ ဝင်ရောက်ရန်အတွက် သိသာထင်ရှား လေးစားခံရသော ဝင်ခွင့်ကတ်ဆိုပါကလည်း မမှားပါ။ သို့သော်လည်း ယခုနှစ်တွေအတွင်းတွင် The International Baccalaureate Diploma Programme (IBDP) နှင့် IB Career-related Programme (CP) တို့ကို ပိုမိုရွေးချယ်လာမှုများကြောင့် A levels သည်ရွေးချယ်စရာအဖြစ်မှ ချန်လှပ်ခံရသကဲ့သို့ရှိပါသည်။ ယခုဆောင်းပါးသည် A levels ၏ ရည်ရွယ်ချက် ၊ အကျိုးကျေးဇူးများကို ပြန်လည်ဖော်ပြရင်း The British School of Yangon တွင် အသက် ၁၆ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအတွက် A levels ကို အဘယ်ကြောင့် ရွေးချယ်သင့်ကြောင်း ထည့်သွင်းစဉ်းစားနိုင်ဖို့ ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။
ဘာကြောင့် A levels ကို ရွေးချယ်သင့်တာလဲ
A levels ၏ အဓိကအကျဆုံးအားသာချက်မှာ အထူးပြုမည့် ဘာသာရပ်များကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်းဖြစ်ပါသည်။ ကျောင်းသူ/ကျောင်းသားများ အနေဖြင့် မိမိအားသန်ရာဘာသာရပ် သုံးခု၊ လေးခုကို စေ့စေ့စပ်စပ်၊ အတွင်းကျကျ အချိန် (၂ ) နှစ်အတွင်း ကျွမ်းကျင်အဆင့်ရောက်အောင် လေ့လာသင်ကြားနိုင်ပါသည်။ မိမိ မပိုင်နိုင်သော စိတ်ဝင်စားမှုနည်းသော ဘာသာရပ်များအစား ပိုစိတ်ပြင်းပြသော ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။ အနုပညာနှင့် ဂီတ ၊ ဇီဝဗေဒနှင့် ဓာတုဗေဒဟူ၍လည်းကောင်း သို့မဟုတ် ဆက်စပ်မှုနည်းသော သင်္ချာနှင့် သမိုင်းဘာသာရပ်များကိုလည်းကောင်း တက်ရောက်မည့် ကျောင်းသူ/ကျောင်းသား စိတ်တိုင်းကျရွေးချယ်နိုင်ပါသည်။ A levels ၏ ထပ်တိုးအားသာချက်များမှာ ပိုအာရုံစိုက်နိုင်ခြင်းနှင့် အောင်မြင်မှုနှုန်းမြင့်မားခြင်းများ ဖြစ်ပါသည်။
A levels သည် ဘာသာရပ်များအား အသေးစိတ်သင်ကြားခြင်းကို ပံ့ပိုးရုံသာမက ကျောင်းသူ/ ကျောင်းသားများ အမှီအခိုကင်းကင်းနှင့် တစ်ကိုယ်ရည်လေ့လာတတ်သောအကျင့်များ ရရှိအောင်လည်း တွန်းအားပေးပါသည်။ ပုံမှန်အားဖြင့် A levels အဆင့်သည် IBDP များထက် အတန်းချိန် ပိုနည်းပါသည်။ ထို့ကြောင့် ကျောင်း၏ ဖြည့်စွက်သင်ရိုးညွှန်းတမ်းများအဖြစ် အလုပ်ခွင်၌ လိုအပ်သော အရည်အသွေးများ၊ အသိပညာများနှင့်တကွ အခြားသော ကျွမ်းကျင်မှုများကိုလည်း အချိန်ပေးသင်ကြားနိုင်ပါသည်။ ဥပမာအားဖြင့် British School of Yangon ရှိကျောင်းသူ/ကျောင်းသားများသည် မိမိသင်ကြားပြီးဖြစ်သော ဘာသာရပ်များကို တိုးချဲ့ လေ့လာခြင်း၊ ဗဟုသုတကြွယ်ဝခြင်း၊ လူ့အဖွဲ့အစည်းအတွက်ကမ်းလင့် အထောက်အကူပြုခြင်းနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို အဓိကထားလေ့လာသော Eclipse Programme ကို အပိုဆောင်း သင်ကြားနိုင်ခြင်းဖြစ်ပါသည်။
A levels သည် ကျောင်းသူ/ကျောင်းသားများကို သက်ဆိုင်ရာဘာသာရပ်များတွင် စေ့စပ်ကျွမ်းကျင် အဆင့်ထိသင်ကြားပို့်ချနိုင်သည်ဟူ၍ သတ်မှတ်ခံရပါသည်။ A levels ၏ ၉၄ ရာခိုင်နှုန်းသော မှတ်ချက်များသည်ကောင်းမွန်နှင့် အလွန်ကောင်းမွန်အဆင့်တွင် ရှိပါသည်။ ၂၀၁၇ IB University ၏ ကျောင်းဝင်ခွင့်ထုတ်ပြန်ချက်နှင့် နှိုင်းယှဉ်မည်ဆိုပါက ၅၆ ရာခိုင်နှုန်းသာ ရှိပါသည်။
ဘယ်သူတွေနဲ့ သင့်တော်သလဲ
A levels သည် အားလုံးနှင့် သင့်တော်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိနှင့် အံဝင်ခွင်ကျ အဖြစ်ဆုံးသော ဘာသာရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်အထူးပြုနိုင်သောကြောင့်ဖြစ်ပါသည်။ ထိုမျှမက STEAM ဘာသာရပ်များကို သင်ကြားလိုသော်လည်း English ဘာသာစကားပြောကို မိခင်စကားအဖြစ်မကျွမ်းကျင်သေးသော ကျောင်းသူ/ကျောင်းသားများအတွက်လည်း ကောင်းမွန်သောရွေးချယ်မှုဖြစ်ပါသည်။ ဤကျောင်းသားများအနေဖြင့် IBDP တက်ရောက်မည်ဆိုပါက ဘာသာစကားဆိုင်ရာ အားနည်းမှုကြောင့် အခက်အခဲများရှိနိုင်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင်္ချာအားနည်းခြင်း၊ ဘာသာစကား အဆင်မပြေမှုပြဿနာရင်ဆိုင်ရခြင်းနှင့် GCSEs အမှတ်များကြောင့် အခြားရွေးချယ်လိုသော ကျောင်းသူ/ကျောင်းသားများအတွက်လည်း အလွန်အဆင်ပြေပါသည်။
A levels သည် ကျောင်းသူ/ကျောင်းသားများ အားသန်ရာဘာသာရပ်များကို စိတ်တိုင်းကျရွေးချယ်၍ မိမိပညာရေးနှင့် အခြားကိုယ်ရည်ကိုယ်သွေးများကို လေ့လာကြိုးစားခွင့်ပေးထားသော်လည်း စင်းလုံးချောကောင်းမွန်နေသည်မဟုတ်၍ အငြင်းပွားမှုများလည်း ရှိပါသည်။ British School of Yangon ၌လည်း တစ်ဦးတည်းသီးခြား သင်ကြားရေးစနစ်ဖြင့် သင်ကြားခဲ့သောကျောင်းသူကျောင်းသား (၆)ယောက်ရှိခဲ့ပြီးပြီဖြစ်ပါသည်။ ထိုစနစ်သည် သင်ယူလက်ခံသော ကျောင်သားများ၏ လိုအပ်ချက်များကိုလိုက်၍ ညှိနိုင်းသင်ကြားနိုင်ပြီး တစ်ဦးချင်းဆိုသော်လည်း ကောင်းစွာ သင်ကြားနိုင်သောစနစ်ဖြစ်ပါသည်။
IBDP က ဘာကြောင့် ရေပန်းစားနေတာလဲ
ဘာသာရပ်အတော်များများကို အညီအမျှသင်ကြားတတ်မြောက်ထားသော ကျောင်းသူ/ကျောင်းသားများ ၊ မိမိတက်ရောက်မည့် တက္ကသိုလ်များကို မရွေးချယ်ရသေးသောသူများအတွက် IBDP ၏ကျယ်ပြန့်သော သင်ကြားရေးစနစ်သည် စိတ်ဝင်စားဖွယ်ဖြစ်နေပါသည်။ A levels ကဲ့သို့ မိမိရွေး ချယ်လေ့လာသောပညာရပ်တွင် စေ့စေ့စပ်စပ်နှင့်ကျွမ်းကျင်မှုအဆင့်ထိ မရနိုင်အောင်လည်း IBDP တွင် နိုင်ငံခြားဘာသာစကားလည်း ထည့်သွင်းပါဝင်သောကြောင့်ပို၍ ကမ္ဘာတစ်ဝန်းကျယ်ပြန့်ဟန်ရှိသောကြောင့်ဖြစ်ပါသည်။ သို့သော်လည်း အပေါ်တွင်ဖေါ်ပြခဲ့သည့်အတိုင်း English ဘာသာစကားကို မိခင်ဘာသာအဖြစ် မကျွမ်းကျင်သေးသော ကျောင်းသူ/ကျောင်းသားများအတွက် နိုင်ငံခြားဘာသာစကားထပ်မံထည့်သွင်းခြင်းက စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ဖြစ်နေပါသည်။
IBDP ကျောင်းသူ/ကျောင်းသားများအနေဖြင့် ဘာသာရပ်(၆)ခုသာမက အခြားသော အစိတ်အပိုင်းများဖြစ်သော TOK (Theory of Knowledge) ခေါ် ဗဟုသုတကို အခြေခံယူဆ၊ တွေးခေါ်နည်းဆိုင်ရာပညာရပ်များ၊ CAS (Creativity, Activity, Service) ခေါ် တီထွင်ကြံဆလုပ်ဆောင်တတ်မှုဆိုင်ရာ ပညာရပ်များနှင့် မိမိ research ပြုလုပ်ထားသော Eextended Essay ရှည်များလည်းရေးရခြင်းကြောင့် စည်းစနစ်ကျကျ နေထိုင်ရပြီး ချမှတ်ထား သောစည်းကမ်းများကိုလည်း တိတိကျကျလိုက်နာကျင့်သုံးရပါသည်။ မည်သို့ပင်ဆိုစေကာမူ ဘွဲ့ကြိုကျောင်းသားအတွက် ဖေါ်ပြပါပြင်ဆင်မှုများသည် သိသာထင်ရှားစွာ ပြင်းထန်သောကြောင့် အချို့ သောကျောင်းသားများအတွက်တော့ တုန်လှုပ်ချောက်ချားဖွယ်ဖြစ်နိုင်ပါသည်။ စံချိန်မီကျောင်း များအားလုံးရှိ A levels ၏ သင်ရိုးညွှန်းတမ်းများတွင် အလားတူဘာသာရပ်များ ပါရှိပြီး ဗဟုသုတကြွယ်ဝ၍ အခြားသော စိတ်လှုပ်ရှားဖွယ်အခွင့်အရေးများလည်း ဖြည့်စွက်ပါဝင် သောကြောင့် မလွတ်တမ်းရွေးချယ်တက် ရောက်သင့်ပါသည်။
BSY ၏ တစ်ဦးတည်းသီးခြား သင်ကြားရေးစနစ်ဖြင့် သင်ကြားခဲ့သော ကျောင်းသူ/ကျောင်းသားဟောင်း (၆)ယောက်သည် ခေါင်းဆောင်ကောင်း၊ အားကစားသမား၊ နှုတ်ရေးကောင်းသူ၊ စွန့်စားလိုသူနှင့် ပူးပေါင်းဆောင်ရွက်တတ်သူများအဖြစ် ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါသည်။ အချုပ်အားဖြင့်ဆိုလျှင် တစ်ဦးတစ်ယောက်ချင်းစီမှ မိမိ၏ အားသာချက်နှင့် ပြင်းပြစိတ်ကို အခြေခံထားလေ့လာနိုင်သောကြောင့် ရည်မှန်းချက်ကြီးသော၊ အရည်အသွေးပြည့်ဝသော ၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိ သောလူငယ်အဖြစ် ကမ္ဘာ့အလယ်ကောင်းမွန်စွာရပ်တည်နိုင်မည်ဖြစ်ပါသည်။
ကျောင်းတက်မယ့်သူတွေအတွက် ဘယ်လမ်းစဉ်က အသင့်တော်ဆုံးလဲ
A levels နှင့် IBDP နှစ်ခုလုံးသည် ကမ္ဘာတစ်ဝန်း တရာဝင်အသိအမှတ်ပြုဖြစ်သောကြောင့် ထိပ်တန်းတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ရန်အတွက် အထောက်အကူပြုပါသည်။ သို့ဖြစ်၍ မိမိကလေးတက်ရောက်မည့်လမ်းစဉ်အတွက် မသေချာပါက လက်ရှိသင့် ကလေး တက်ရောက်နေသော ကျောင်းရှိ ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုများကို ရယူဆွေးနွေးပြီး အကြံအဉာဏ်များ ရရှိနိုင်ပါသည်။ ထိုမျှမက အခြားသောပညာရေးစွမ်းဆောင်နိုင်မှု ၊ ရည်မှန်းချက် ၊ အလားအလာရှိသော အနာဂတ်ပန်းတိုင်များနှင့် သင်ကြားရေးအတွက်အထောက်အပံ့ပေးမည့် တွေးခေါ်စဉ်းစားပုံနှင့် သင်ကြားဟန်များကိုလည်း ဆွေးနွေးပေးလျက်ရှိပါသည်။ ဆရာ၊ဆရာမများ၊ ပညာရေးနယ်ပယ်မှ ကျွမ်းကျင်သူများသာမက မတူညီသောလမ်းစဉ်များ ရွေးချယ်သင်ကြားဖူးသော အတွေ့အကြုံရှိ သူငယ်ချင်းမိတ်ဆွေများကိုလည်း မေးမြန်းစုံစမ်းနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် ထိုကဲ့သို့ရွေးချယ်ရာတွင် အမြော်အမြင်ကြီး၍ မှန်မှန်ကန်ကန်ရွေးချယ်မှသာ ကောင်းမွန်သော စိတ်လှုပ်ရှားဖွယ် အနာဂတ်ကို လျှောက်လမ်းနိုင်မည်ဖြစ်ပါသည်။


















