ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းနှင့် ခြေစမ်းပွဲ၌ ခြောက်ဂိုးပြတ်အနိုင်ရခဲ့၍ ကစားသမားများ၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိကြောင်း လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်က ပြောကြားခဲ့သည်။
လီဗာပူး အသင်းသည် ဇွန် ၁၁ ရက်က အန်ဖီးလ် ကွင်းတွင် ဘလက်ဘန်းနှင့် တံခါးပိတ်ခြေ စမ်းခဲ့ခြင်းဖြစ်ပြီး လီဗာပူးကစားသမားများ မှာ ပရိသတ်မပါသော်လည်း ပုံမှန်ကစားနေ သည့်အတိုင်းကစားကာ ဂိုးပြတ်အနိုင်ရခဲ့ ခြင်းဖြစ်သည်။ လီဗာပူးပွဲထွက်လူစာရင်းတွင် အဓိကတောင်ပံတိုက်စစ်မှူး ဆာလက်ချ်နှင့် နောက်ခံလူ ရောဘတ်ဆန်တို့ မပါဝင်ခဲ့ဘဲ ဂိုးသမား အယ်လစ်ဆန်၊ အာနိုး၊ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ ဂျိမ်းစ်မီလ်နာ၊ ဖာဘင်ဟို၊ ဟန် ဒါဆန်၊ ကီတာ၊ ချိန်ဘာလိန်၊ မီနာမီနိုနှင့် မာနေးတို့ ပါဝင်ခဲ့သည်။
လီဗာပူးသည် ပွဲချိန် ၁ဝ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ဘလက်ဘန်းဂိုးသမား ပုတ်ထုတ်ကာကွယ်သည်ကို မာနေးက အနီး ကပ်ပိတ်သွင်းခဲ့သည်။ ပွဲချိန် ၂၃ မိနစ်၌ ဂျပန်ကစားသမား မီနာမီနို ဘယ်ခြမ်းမှ ပေးပို့သည်ကို ကီတာက ပိတ်သွင်းခဲ့သည်။
ဂျပန်တောင်ပံကစားသမား မီနာမီနိုမှာ ခြေစွမ်းပြခဲ့ပြီး ပွဲချိန် ၃၆ မိနစ်တွင် ပင် နယ်တီဧရိယာအတွင်းမှ ဘယ်ခြေဖြင့်ဂိုး သွင်းခဲ့၍ လီဗာပူးမှာ တတိယဂိုးရခဲ့သည်။
လီဗာပူးနည်းပြကလော့ပ်သည် အာနိုး၊ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ မီလ်နာ၊ ဖာဘင်ဟို၊ ကီ တာနှင့် မီနာမီနိုတို့ကို ပထမပိုင်းသာအသုံး ပြုခဲ့ပြီး ¤င်းတို့အစား ဝီလျံ၊ မာတစ်၊ လော့ဗ် ရန်၊ လာရိုစီ၊ ဝစ်နယ်ဒန်၊ အီလီယော့နှင့် ဖာမီနိုတို့ ထည့်သွင်းခဲ့သည်။ လီဗာပူးသည် ၆၈ မိနစ်၌ စတုတ္ထဂိုးရခဲ့ပြီး မာတစ်က အနီး ကပ်ပိတ်သွင်းခဲ့သည်။ ချိန်ဘာလိန်အစား လူစားဝင်ခဲ့သော ဟိုဗာမှာ ၆၉ မိနစ်၌ ပင်နယ်တီဧရိယာအတွင်းမှ အသင်းအတွက် ပဉ္စမဂိုးသွင်းယူခဲ့သည်။ လီဗာပူးအတွက် အပိတ်ဂိုးကို လူစားဝင် ကလက်ခ်ဆန်က ၈၄ မိနစ်တွင်သွင်းယူခဲ့၍ ခြောက်ဂိုးပြတ် အနိုင်ရခဲ့သည်။
လီဗာပူးသည် ပွဲချိန်တစ်လျှောက် ဖိအား ပေးကစားခဲ့ပြီး ကစားသမားများမှာလည်း အချိတ်အဆက်မိမိကစားနိုင်ခဲ့ရာ ဇွန် ၂၁ ရက်၌ကစားမည့် အဲဗာတန်နှင့်ပွဲမတိုင်ခင် ကျေနပ်စရာကောင်းခဲ့သည်။
နည်းပြကလော့ပ်က ''ကျွန်တော်တို့မှာ ပထမအသင်းကစားသမား လုံလုံလောက် လောက်မရှိပါဘူး။ ဒါကြောင့် ကစားသမား သုံးဦးကိုတော့ မိနစ် ၆ဝ လောက်အထိ ကစားဖို့ ဆုံးဖြတ်ရတာပေါ့။ ဒီကာလမှာ ဘလက်ဘန်းပွဲက ကျွန်တော်တို့ရဲ့ပထမ ပွဲပါ။ ဒီတော့ အသင်းရဲ့ အကောင်းဆုံး လယ်ဗယ်ထိရောက်အောင် မကစားနိုင်ဘူး။ တန်ပြန်တိုက်စစ်ကောင်းခဲ့တယ်။ သွင်းဂိုး တွေလှတယ်။ ဒီလာပြီးကစားပေးတဲ့ ဘလက် ဘန်းအသင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဟာ ပြိုင်ပွဲအတွက် အဆင် သင့်ဆိုတာကို သက်သေပြဖို့လိုတာပေါ့။ ကျွန်တော်တို့အသင်း အဆင်သင့်ဖြစ်နေ ပါပြီ။ အကောင်းဆုံးကစားဖို့လည်း အဆင် သင့်ပါ''ဟု ဘလက်ဘန်းနှင့်ပွဲအပြီး ပရိသတ် များအား ဖွင့်ဟပြောကြားခဲ့သည်။















