မန်ယူအသင်းအနေဖြင့် ဘိုင်ယန် မြူးနစ်ကွင်းလယ်လူ တိုလစ်ဆိုကို ခေါ်ယူသင့်ကြောင်း ကစားသမား ဟောင်းတစ်ဦးဖြစ်သူ ရာဖေးလ်ဒါ ဆေးလ်ဗားက ပြောကြားခဲ့သည်။
မန်ယူသည် ကွင်းလယ်လူတိုလစ် ဆိုအားခေါ်ယူရန် စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်က ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်းအလိုရှိနေကြောင်း ပြင်သစ်သတင်းများက ဖော်ပြခဲ့သည်။ပြင်သစ်ကစားသမား တိုလစ်ဆိုမှာ လိုင်ယွန်အသင်းတွင် ရာဖေးလ်နှင့်တွဲကစားဖူးသူဖြစ်သည်။ တိုလစ်ဆို သည် လက်ရှိတွင် ဘိုင်ယန်နှင့် တစ်နှစ် ခွဲစာချုပ်သက်တမ်းကျန်ရှိနေသည်။
၄င်းသည် ယခုရာသီတွင် လိဂ် ၁၅ ပွဲ သာကစားထားရပြီး ကစားခွင့်နည်းပါး နေ၍ စိတ်ပျက်လျက်ရှိသည်။ အသက် (၂၅)နှစ်အရွယ် တိုလစ်ဆိုသည် မန်ယူ အသင်းအတွက် ပြီးပြည့်စုံသည့်ကစား သမားတစ်ဦးဖြစ်ကြောင်း ရာဖေးလ်က ယုံကြည်နေသည်။
ရာဖေးလ်က ''ကျွန်တော်တွဲကစား ဖူးတဲ့သူတွေထဲမှာ တိုလစ်ဆို တော် တော်ကောင်းပါတယ်။ သူဟာ မန်ယူ အသင်းနဲ့ အံဝင်မယ်လို့ ကျွန်တော် ထင်တယ်။ မန်ယူကို သူရောက်ဖို့ မျှော်လင့်တယ်''ဟု ပြောသည်။
မန်ယူသည် ဗီလာကွင်းလယ်လူ ဂရီရယ်လစ်ချ်အား ခေါ်ယူရန်လည်း စိတ်ဝင်စားနေသည်။ တိုလစ်ဆိုအား အင်တာမီလန်ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။တိုလစ်ဆိုသည် ဘိုင်ယန်အတွက် ၄၁ ပွဲကစားထားရာ ရှစ်ဂိုးသွင်းထားသည်။
အသက်(၂၉)နှစ်အရွယ် ညာ နောက်ခံကစားသမား ရာဖေးလ်သည် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၅ အထိ မန်ယူ အသင်းတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ၁၆၉ ပွဲကစားခဲ့ရသည်။ ၄င်းသည် နည်းပြဗန်ဟားလ်၏ လက်အောက် တွင် နေရာမရခဲ့ပေ။















