မန်စီးတီးအား သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့မှုမှာ ၎င်း၏အမှားကြောင့်ဖြစ်ဟု ဒေးဗစ်လုဇ် ပြောကြား

မန်စီးတီးအား သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့မှုမှာ ၎င်း၏အမှားကြောင့်ဖြစ်ဟု ဒေးဗစ်လုဇ် ပြောကြား

အာဆင်နယ်နောက်ခံလူ ဒေးဗစ် လုဇ်က မန်စီးတီးအား သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့မှုမှာ ¤င်း၏အမှားကြောင့်ဖြစ် ဟု ပွဲအပြီး၌ ဝန်ခံပြောကြားခဲ့သည်။ COVID-19 ကာလ ပရီးမီးယားလိဂ် သည် ဇွန် ၁၇ ရက်က ပြန်လည်စတင် ခဲ့ပြီး အာဆင်နယ်မှာ ကစားသမား တစ်ယောက်လျော့ပြီး အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

နှစ်သင်းစလုံးတွင် အဓိကကစား သမားအစုံအလင်ပါဝင်ခဲ့ပြီး အာဆင် နယ်တိုက်စစ်ကို အော်ဘာမီယန်က ဦးဆောင်သွားခဲ့သည်။ အာဆင်နယ် ကစားသမားနှစ်ဦးဖြစ်သည့် ဇာကာနှင့် မာရီတို့သည် ပထမပိုင်း ၂၅ မိနစ် အတွင်းဒဏ်ရာရခဲ့၍ နည်းပြအာတီ တာမှာ မာရီအစား ဘရာဇီးနောက်ခံလူ ဒေးဗစ်လုဇ်ကို အသုံးပြုခဲ့ရသည်။ မန် စီးတီးသည် ပထမပိုင်းပြီးလုချိန်တွင် အဖွင့်ဂိုးရရှိခဲ့ရာ ဒေးဗစ်လုဇ်၏အမှား ကြောင့်ဖြစ်သည်။

ပထမပိုင်းပြီးလုချိန်တွင် ဒီဘရိုင်း က ဘောလုံးဖြတ်တင်ပေးလိုက်သည် ကို ဒေးဗစ်လုဇ်တားဆီးရာ မပီပြင်ခဲ့ ဘဲ စတာလင်းဆီသို့ရောက်သွားခဲ့ရာ အင်္ဂလန်သားက အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့သည်။ ဒေးဗစ်လုဇ်သည် ဒုတိယပိုင်း ၄၉ မိနစ်တွင် ပင်နယ်တီ ဧရိယာအတွင်း မန်စီးတီးတောင်ပံ ကစားသမား မာရက်ဇ်ကို ဆွဲချခဲ့ရာ ကွင်းလယ်ဒိုင် အန်တိုနီတေလာက အနီကတ်ပြထုတ်ပယ်ခဲ့သည်။ မန်စီး တီးအတွက် ပင်နယ်တီကို ဒီဘရိုင်းက သွင်းယူခဲ့ပြီး တတိယဂိုးကို ဖိုဒန်က ပွဲပြီးလုချိန်တွင် သွင်းယူခဲ့သည်။

ဒေးဗစ်လုဇ်က ''အခုလိုမျိုးရှုံးနိမ့် ခဲ့တာဟာ အသင်းရဲ့အမှားကြောင့် မဟုတ်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ အမှားကြောင့်ဖြစ်ပါတယ်။ ကျွန်တော် တို့အသင်း ကစားတာကောင်းတယ်လို့ ထင်တယ်။ အထူးသဖြင့် ၁ဝ ယောက် တည်းနဲ့ပေါ့။ နည်းပြရောကစားသမား တွေပါ အံ့အားသင့်ဖွယ်လုပ်နိုင်ခဲ့တယ်။ အခုလိုဖြစ်တာက ကျွန်တော့်အမှားလို့ ပြောပါရစေ''ဟု ဆိုခဲ့သည်။

အာဆင်နယ်နည်းပြ အာတီတာ သည် အမှားပြုလုပ်ခဲ့သူ နောက်ခံလူ ဒေးဗစ်လုဇ်အား အပြစ်တင်ပြောကြား ရန် ငြင်းဆန်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး