ဇွန် ၁၇ ရက်က ကိုပါအီတာလီယာ ဗိုလ်လုပွဲအဖြစ် ရောမရှိ စတာဒီယိုအိုလင် ပီကိုကွင်းတွင် နာပိုလီနှင့် ဂျူဗင်တပ်စ်တို့ ယှဉ်ပြိုင်ခဲ့ရာ နာပိုလီက ပင်နယ်တီအဆုံး အဖြတ်၌ လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သော ကြောင့် ယခုနှစ်ကိုပါအီတာလီယာချန်ပီယံ ဆုကို ကိုင်မြှောက်နိုင်ခဲ့ကြောင်း သိရသည်။
နာပိုလီတိုက်စစ်ကို မာတန်၊ အင်ဆိုင်နီ နှင့် ကယ်လီဂျွန်တို့ဦးဆောင်ခဲ့ပြီး ဂျူဗင် တပ်စ်အသင်းကို အဓိကတိုက်စစ်မှူးစီရိုနယ် ဒို ဦးဆောင်ခဲ့သည်။ နာပိုလီသည် ပွဲချိန် အတွင်း ခံစစ်အားပြုကစားခဲ့၍ ဂျူဗင်တပ်စ် မှာ ဂိုးရရှိရန်အတွက် နေရာလွတ်ရှာဖွေရန် ခက်ခဲခဲ့သည်။ ပွဲချိန်မိနစ် ၉ဝ အတွင်း ဂိုးမရှိသရေကျနေ၍ အချိန်ပိုအထိခရီးဆက် ခဲ့ရာ ပွဲရလဒ်မပြောင်းခဲ့သောကြောင့် ပင် နယ်တီသို့ရောက်ခဲ့သည်။
နာပိုလီအသင်းအတွက် အင်ဆိုင်နီ၊ ပိုလီတာနို၊ မက်ဆီမိုဗစ်နှင့် မီလစ်ခ်တို့က ဂိုးဝင်အောင်သွင်းယူခဲ့ပြီး ဂျူဗင်တပ်စ် အတွက် ဘိုနုချီနှင့် ရမ်ဆေးတို့သာဂိုးဝင်ပြီး ဒိုင်ဘာလာနှင့် ဒါနီလိုတို့မှာ ဂိုးမဝင်ခဲ့ပေ။ ထို့ကြောင့် နာပိုလီသည် အသင်းသမိုင်း တစ်လျှောက် (၆)ကြိမ်မြောက် ကိုပါအီတာ လီယာချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့သည်။
ယခုနှစ် ကိုပါအီတာလီယာဗိုလ်လုပွဲမှာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် ပင်နယ် တီကန်ခဲ့ရသည့် ဗိုလ်လုပွဲဖြစ်ခဲ့သည်။ နာ ပိုလီအတွက် ဂျူဗင်တပ်စ်ကိုအနိုင်ရခဲ့ခြင်း မှာ ကြားကွင်းဗိုလ်လုပွဲ၌ တတိယအကြိမ် မြောက် အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။ ဂျူဗင်တပ်စ်အဓိကတိုက်စစ်မှူး စီရိုနယ်ဒို အပါအဝင် ကစားသမားများမှာ ပုံစံကောင်း မရဘဲ သွက်လက်မှုကင်းမဲ့ကြောင်း နည်းပြ ဆာရီက ပွဲအပြီး၌ပြောကြားခဲ့သည်။
နာပိုလီနည်းပြ ဂတ်တူဆိုက ၎င်းအနေ ဖြင့် ဘောလုံးနတ်ဘုရားကို ယုံကြည်မှု အပြည့်ရှိကြောင်း၊ ကြိုးစားမှုကြောင့် ထိုက် တန်သည့်ရလဒ်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နာပိုလီသည် ၂ဝ၁၃-၁၄ ဘောလုံးရာသီ က ကိုပါအီတာလီယာဆုကို ဆွတ်ခူးပြီးနောက် ယခုတစ်ကြိမ် ချန်ပီယံထပ်ဖြစ်ခဲ့သည်။















