ချယ်လ်ဆီးသို့ပြောင်းရွှေ့ခဲ့သည် ဂျာမနီတိုက်စစ်မှူး တီမိုဝါနာသည် လန်ဒန်ကလပ်၌ နံပါတ် ၁၁ ဂျာစီဝတ် ဆင်ကစားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြ ခဲ့သည်။
ချယ်လ်ဆီးသည် အသက်(၂၄)နှစ်အရွယ် တီမိုဝါနာကို ပြောင်းရွှေ့ကြေးပေါင် ၅၃ သန်းဖြင့်ခေါ်ယူကာ ငါးနှစ်စာချုပ် ချုပ်ဆိုရန် လိုက်ပ်ဇစ်အသင်းနှင့် သဘောတူညီမှုရယူနိုင် ခဲ့သည်။ ဂိုးသွင်းကောင်းသော တီမိုဝါနာသည် ယခုနှစ်ဘော လုံးရာသီတွင် လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ ၄၃ ပွဲကစား ထားရာ ၃၂ ဂိုးသွင်းယူထားသူဖြစ်သည်။
ဝါနာသည် လိုက်ပ်ဇစ်အသင်းတွင် နံပါတ် ၁၁ ဂျာစီကို ဝတ်ဆင်ကစားနေသူဖြစ်ပြီး ချယ်လ်ဆီး၌လည်း စိတ်ကြိုက် နံပါတ်ကို ရယူမည်ဖြစ်ကြောင်း ဗြိတိန်သတင်းများက ရေးသားခဲ့ခြင်းဖြစ်သည်။
ဝါနာသည် ၂ဝ၁၆ ခုနှစ်က စတုဂတ်မှ လိုက်ပ်ဇစ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နံပါတ် ၁၁ ဝတ်ဆင်ကစားခဲ့သည်။ လက်ရှိ၌ ချယ်လ်ဆီးအသင်း၏နံပါတ် ၁၁ ပိုင်ရှင်မှာ စပိန် သား ပီဒရိုဖြစ်သည်။ ပီဒရိုသည် ယခုနွေတွင် ချယ်လ်ဆီးမှ ထွက်ခွာမည်ဖြစ်ပြီး ရိုးမားသို့ပြောင်းရွှေ့ရန် သဘောတူညီမှု ရယူထားပြီးဖြစ်ကြောင်း မက်ထရိုက ဆိုသည်။
တီမိုဝါနာသည် လာမည့်ဇူလိုင် ၁ ရက်တွင် ချယ်လ် ဆီးနှင့်ပူးပေါင်းမည်ဖြစ်ပြီး စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင် ၁၇၅ဝဝဝ အကျိုးခံစားခွင့်ရမည်ဖြစ်သည်။ ၎င်းသည် ကစားသမားဘဝအစကို ၂ဝ၁၃ ခုနှစ်က စတုဂတ်နှင့်စတင် ခဲ့သူဖြစ်ကြောင်း သိရသည်။















