ရီးရဲလ် မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာ သည် ဗလင်စီယာအား သုံးဂိုးပြတ်အနိုင် ရသောပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ရာ ဟန်ဂေ ရီတိုက်စစ်မှူးဟောင်း ပွတ်ရှ်ကပ်စ်၏စံချိန် ကိုကျော်ဖြတ်၍ ရီးရဲလ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်း၌ အဆင့် ၅ နေရာသို့ ရောက်လာခဲ့ကြောင်း သိရသည်။
ဇွန် ၁၈ ရက်က ကစားခဲ့သောပွဲ၌ ရီးရဲလ်မက်ဒရစ်နှင့် ဗလင်စီယာတို့သည် အဓိကကစားသမားများကိုအသုံးပြုပြီး ရင် ဆိုင်ခဲ့ကြသည်။ ရီးရဲလ်တိုက်စစ်ကို ဘန်ဇီ မာ၊ ဟာဇက်နှင့် ဗယ်လ်ဗာဒီတို့ ဦးဆောင် ခဲ့ပြီး ဗလင်စီယာမှာ ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။
ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုသည် ပွဲချိန် ၂၁ မိနစ်၌ ဂိုးသွင်းပေးခဲ့သော်လည်း VAR စနစ်ပြန်ကြည့်ခဲ့ရာ ဘောလုံးတည် ဆောက်ရာ၌ လူကျွံနေ၍ဂိုးမရခဲ့ပေ။ ရီးရဲလ် သည် ၆၁ မိနစ်တွင်ဂိုးရခဲ့ပြီး ပြင်သစ်တိုက် စစ်မှူး ဘန်ဇီမာက သွင်းခဲ့သည်။ ရီးရဲလ် အတွက် ဒုတိယဂိုးကို အဆန်စီယိုကမန်ဒီ ၏ဖန်တီးမှုကို အဆုံးသတ်ကာ ဂိုးသွင်းခဲ့ သည်။ ဒဏ်ရာကြောင့် ၁၁ လနားခဲ့ရသော အဆန်စီယို သည် ၇၄ မိနစ်တွင် လူစားဝင်ခဲ့ပြီး ချက် ချင်းဆိုသလို ပထမဆုံးထိချက်မှတစ်ဆင့် ဂိုးသွင်းနိုင်ခဲ့သည်။
အသက်(၃၂)နှစ်အရွယ် ဘန်ဇီမာသည် ၈၆ မိနစ်တွင် အဆန်စီယို ညာခြမ်းမှပေးပို့ သည်ကို ညာခြေဖြင့်တစ်ချက်မ,ပြီး ဘယ် ခြေဖြင့် မြေမကျသွင်းယူခဲ့၍ နိုင်ပွဲဆက် ခဲ့သည်။
ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ၂ဝဝ၉ ခုနှစ်မှစ၍ ရီးရဲလ်မက်ဒရစ်တွင် ကစားနေသူဖြစ်ပြီး ကလပ်အတွက် ၅ဝ၃ ပွဲကစားခဲ့ရာ ၂၄၃ ဂိုးသွင်းယူနိုင်၍ ပွတ်ရှ် ကပ်စ်၏စံချိန်ကို တစ်ဂိုးအသာဖြင့်ကျော် ဖြတ်ကာ အဆင့် ၅ နေရာရောက်ခဲ့သည်။
ရီးရဲလ်နည်းပြ ဘန်ဇီမာက ''တကယ့် ဂရိတ်ဂိုးပါ။ ရွေ့လျားမှုရော အဆုံးသတ် ပါ ပြောစရာမလိုဘူး။ ဘန်ဇီမာရဲ့ဂိုးတွေ အတွက် ကျွန်တော် ဂုဏ်ယူပါတယ်''ဟု ဗလင်စီယာနှင့်ပွဲအပြီး၌ ချီးကျူးပြောကြား ခဲ့သည်။















