ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ယူအတွက် ပထမဆုံး ပရီးမီးယားလိဂ် ဟက်ထရစ် မာရှယ် သွင်းယူပေး

ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ယူအတွက် ပထမဆုံး ပရီးမီးယားလိဂ် ဟက်ထရစ် မာရှယ် သွင်းယူပေး

မန်ယူသည် ဇွန် ၂၄ ရက်က အိုးလ်ထရက်ဖို့ဒ်၌ ရှက်ဖီးလ်ယူနိုက် တက်အား သုံးဂိုးပြတ်အနိုင်ရခဲ့ရာ ဂိုးများသွင်းခဲ့သော ပြင်သစ်တိုက်စစ် မှူးမာရှယ်သည် အသင်းဂန္ထဝင်နည်း ပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ယူအတွက် ပထမဆုံးပရီးမီးယားလိဂ်ဟက်ထရစ် သွင်းယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင် ခဲ့သည်။

မန်ယူတိုက်စစ်ကို မာရှယ်ဦးဆောင် ကာ ရက်ဖို့ဒ်၊ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ မာတစ်နှင့် ဂရင်းဝုဒ်တို့ ပါဝင်ခဲ့သည်။ မန်ယူသည် ပွဲချိန် ၇ မိနစ်၌ ဦးဆောင် ဂိုးရခဲ့ရာ ရက်ဖို့ဒ် ညာခြမ်းမှကန် လိုက်သည်ကို မာရှယ်က အနီးကပ် ပိတ်သွင်းခဲ့သည်။ မာရှယ်သည် ၄၄ မိနစ်တွင် ဘစ်ဆာကာ၏ ဘောလုံး ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုးသွင်းယူ ခဲ့သည်။ မာရှယ်သည် ၇၄ မိနစ်တွင် ရက်ဖို့ဒ်နှင့်အပေးအယူလုပ်၍ ရလာ သည့်ဘောလုံးကို အသာကျော်မကာ သွင်းနိုင်ခဲ့၍ ဟက်ထရစ်ရခဲ့သည်။

စကော့တစ်လူမျိုးနည်းပြ ဖာဂူ ဆန်လက်ထက် နယ်သာလန်တိုက်စစ် မှူးဟောင်း ဗန်ပါစီမှာ ၂ဝ၁၃ ခုနှစ် ဧပြီ ၂၂ ရက်က အက်စတွန်ဗီလာနှင့် ပွဲတွင် ဟက်ထရစ်ရခဲ့ပြီးနောက် ခုနစ် နှစ်ကျော်အတွင်း မည်သည့်ကစား သမားကမှ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်တွင် ဟက်ထရစ်မရ ခဲ့သော်လည်း ယခုအခါ အသက်(၂၄) နှစ်အရွယ် မာရှယ်က စွမ်းဆောင်နိုင် ခဲ့သည်။

ရှက်ဖီးလ်ယူနိုက်တက်နှင့်ပွဲအပြီး တိုက်စစ်မှူးမာရှယ်က ''ကျွန်တော့် ကစားသမားဘဝရဲ့ ပထမဆုံးဟက် ထရစ်ဖြစ်ပါတယ်။ နောက်ထပ်ဂိုးတွေ အများကြီးသွင်းနိုင်ဖို့ မျှော်လင့်ပါ တယ်။ အသင်းရဲ့ကစားပုံကောင်းခဲ့လို့ ကျွန်တော်ပျော်ပါတယ်''ဟု ဝမ်းသာ အားရပြောကြားခဲ့သည်။

မာရှယ်သည် ယမန်နှစ်ဘောလုံး ရာသီက မန်ယူအတွက် ၃၈ ပွဲကစား ခဲ့ရာ ၁၂ ဂိုးသွင်းယူခဲ့သူဖြစ်သည်။ ၄င်းသည် ယခုနှစ်၌ ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပြီးချိန် ၁၉ ဂိုးသွင်းယူထားသည်။ မိုနာကိုတိုက်စစ်မှူးဟောင်းလည်းဖြစ် သူ မာရှယ်သည် မန်ယူအသင်းကိုယ် စားပြု၍ ပရီးမီးယားလိဂ် ၁၃၈ ပွဲကစား ထားရာ ၄၈ ဂိုးသွင်းယူထားသည်။

၃၁ ပွဲကစားပြီး ၄၉ မှတ်ဖြင့် အဆင့်(၅)နေရာတွင်ရပ်တည်နေရာ မန်ယူနည်းပြဆိုးလ်ရှားက အဆင့်(၃) ဖြင့်ရာသီသိမ်းရန် ပစ်မှတ်ထားကြောင်း အသိပေးခဲ့သည်။



ဖတ်ရှုမှုအများဆုံး