စိန်ခေါ်မှုအသစ်များကို ကိုင်တွယ်နိုင်ရန် ကျောင်းမူဝါဒအပြောင်းအလဲများကို Yangon American International School က ပြုလုပ်

စိန်ခေါ်မှုအသစ်များကို ကိုင်တွယ်နိုင်ရန် ကျောင်းမူဝါဒအပြောင်းအလဲများကို Yangon American International School က ပြုလုပ်

Yangon American International School ၏ ဦးစီးသူများသည်'new normal (ပုံမှန်အသစ်)' တွင် တွေ့ရမည့် စိန်ခေါ်မှုအသစ်များကို ကိုင်တွယ်နိုင်ရန်အတွက် ကျောင်း၏မူဝါဒများကို စဉ်ဆက်မပြတ် အပြောင်းအလဲများ ပြုလုပ်လျက်ရှိပါသည်။

ကမ္ဘာတစ်ဝန်းရှိ စာသင်ကျောင်းများကို ဦးစီးနေသူများသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကို ထိရောက်စွာကိုင်တွယ်ရင်း မိမိတို့ ကျောင်း၏ တန်ဖိုး၊ ကျောင်းသားကျောင်းသူများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လေ့လာသင်ယူမှုတို့ကို ထိန်းသိမ်းနိုင်ရန်အတွက် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ နှစ်ပေါင်း ၂ဝ အတွေ့အကြုံရှိထားသည့် ကျောင်းအုပ်ကြီးဖြစ်သူ Robert Crutchfield သည် ခန့်မှန်းရန် ခက်ခဲ သော အချိန်ကာလများတွင် သေချာစီမံခန့်ခွဲဖူးသူ ဖြစ်သည်။

COVID-19 ကပ်ရောဂါကြီးသည် နေ့စဉ်ဘဝ အစိတ်အပိုင်း အားလုံးအပေါ် သက်ရောက်မှုရှိနေသည်။ မြန်မာနိုင်ငံမှYangon American ၏ ဦးစီးသူများအနေဖြင့်လည်း ပြတ်ပြတ်သားသားဆောင်ရွက်မှုများ ပြုလုပ်ရန်၊ မိမိတို့၏ ပုံမှန်အသစ်ဖြစ်လာမည့် အခြေအနေအတွက် ပြင်ဆင်ရန်မှာ အလွန်အရေးပါခဲ့သည်။

''နည်းပညာနဲ့ အွန်လိုင်းအခြေပြု သင်ကြားရေးကနေတစ်ဆင့် ဖော်ဆောင်လို့ရမယ့် အဝေးရောက် သင်ကြားရေးနည်းဗျူဟာ တစ်ရပ်ကို ဖန်တီးဖို့အတွက် ဆရာ ဆရာမတွေအားလုံးဟာ ကြိုတင်ပြီး အလုပ်တွေ အတူတကွ လုပ်ဆောင်ခဲ့ရပါတယ်။ အချိန်ကျတဲ့အခါမှာ ကျွန်တော်တို့ဟာ အွန်လိုင်းအခြေပြုအဝေးရောက် သင်ယူမှုကို ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ခဲ့တယ်။ အဝေးရောက်သင်ကြားရေးကိုထပ်ပြီဆောင်ရွက်ဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်တာကြောင့် ကျောင်းသူကျောင်းသားတွေရဲ့ သင်ယူမှုအတွေ့အကြုံ ပိုကောင်းလာစေဖို့အတွက် ဆက်လက်ပြီး စောင့်ကြည့်အကဲဖြတ်နေပါတယ်'' ဟု Mr. Crutchfield က ဆိုသည်။

နည်းပညာနှင့် တိုက်ရိုက်ညွှန်ကြားချက်ပေးမှုတို့ကို ရောစပ်ထား သည့် ပေါင်းစပ်လေ့လာသင်ယူမှုကို ဖော်ဆောင်နိုင်ခြင်းသည် ယခုအချိန်တွင် များစွာအရေးပါသည်။ အွန်လိုင်းအခြေပြုအဝေးရောက် သင်ယူမှုသည် ကျောင်းသား ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများအတွက် အလွန်ထိရောက်၍ ကောင်းမွန်သောအတွေ့အကြုံဖြစ်ခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် ပညာရေးနယ်ပယ်၏ အနာဂတ်သည် COVID-19 ကပ်ရောဂါအပြီးနောက်ပိုင်းတွင် စတင်၍ ပုံစံပြောင်းလဲနိုင်သည်ဟုလည်း ယူဆနိုင်သည်။

''COVID-19 ကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုတွေက ကျွန်တော်တို့လို ပညာရေးပိုင်းကသူတွေကို နည်းပညာဆိုင်ရာ တိုးတက်မှုတွေ၊အလုပ်လုပ်နည်း ပုံစံအမျိုးမျိုးတွေကို သိရှိအောင် လေ့လာထားဖို့လိုအပ်တယ်ဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ ပေါင်းစပ်လေ့လာ သင်ယူမှု (blended learning) ကို မတူညီတဲ့ပုံစံနဲ့ ဆောင်ရွက်မယ့် ပညာရေးနယ်ပယ်ရဲ့ အနာဂတ်ကို ကျွန်တော်တို့ မြင်တွေ့ရဖို့ရှိပါတယ်။ ဒါက သမားရိုးကျ 'အဆောက်အအုံထဲက' စာသင်ခန်းထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။ ကျောင်းမှာရော အိမ်မှာပါ နည်းပညာကို အဓိပ္ပာယ်ရှိစွာ အသုံးပြုထားတဲ့ စာသင်ခန်းထဲက လူမှုပေါင်းသင်းဆက်ဆံရေးတွေက ကျောင်းသားကျောင်းသူတွေအတွက် အကျိုးရှိစေ မှာ အသေအချာပဲဖြစ်ပါတယ်။'' ဟု Mr. Crutchfield က ပြောသည်။

International Baccalaureate ("IB") ၏ မူလတန်းအစီအစဉ် "Primary Years Programme ("PYP")မှတစ်ဆင့် Yangon American အနေဖြင့် သမားရိုးကျစာသင်ခန်းအတွေ့အကြုံများကို နည်းပညာနှင့်ပေါင်းစပ်ထားသော ကျောင်းသားဗဟိုပြု လေ့လာသင်ယူမှုနည်းလမ်းကို ဖန်တီးထားပြီး ဖြစ်ပါသည်။ ဤနည်းလမ်းဖြင့် ကျောင်းသား ကျောင်းသူများသည် မိမိတို့ မည်သည်ကို လေ့လာလိုသည်၊ မည်သို့ လေ့လာလိုသည်ဆိုသည်ကို ရွေးချယ်နိုင်မည့် အခွင့်အရေးများစွာ ရရှိနိုင်သည်။

ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ လေ့လာသင်ယူမှု အတွက် ကိုယ်တိုင်တာဝန်ယူလျက်မှ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ အနာဂတ်အတွက် ပြင်ဆင်နိုင်စေမည့် ဤနည်းလမ်း၏ တန်ဖိုးအပေါ် Mr. Crutchfield က ယုံကြည်မှုအပြည့်ရှိထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက စတင်ဖွင့်လှစ်ခဲ့သော Yangon American ကျောင်းသည် မူကြိုမှ တတိယတန်းအထိ အတန်းများ ဖွင့်လှစ်ခဲ့ပါသည်။ ယခုနှစ်သြဂုတ်လတွင် စတင်မည့် ၂ဝ၂ဝ–၂ဝ၂၁ ပညာသင်နှစ်အတွက် စတုတ္ထတန်း၊ ပဥ္စမတန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကာ ရှေ့ဆက်၍လည်း တစ်တန်းပြီးတစ်တန်း ထပ်မံ တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။ ကျောင်း ပိုမိုတိုးတက်၍ အတန်းများ ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်သည်နှင့်အမျှ Mr. Crutchfield နှင့် ဆရာ၊ ဆရာမများသည် ကျောင်းသူကျောင်းသားများ၏ လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်းပေးသွားမည် ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021