လက်ရှိခြေစွမ်းထိန်းပါက ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဟု ဖာနန်ဒက်စ်ဆို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီနောက်ပိုင်း မန်ယူအသင်း ၁၅ ပွဲဆက် ရှုံးပွဲမရှိခဲ့

လက်ရှိခြေစွမ်းထိန်းပါက ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဟု ဖာနန်ဒက်စ်ဆို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီနောက်ပိုင်း မန်ယူအသင်း ၁၅ ပွဲဆက် ရှုံးပွဲမရှိခဲ့

မန်ယူကွင်းလယ်လူ ဘရူနိုဖာနန် ဒက်စ်က အသင်း၏လက်ရှိခြေစွမ်းကို ထိန်းနိုင်ပါက ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင် ဟု ဘရိုက်တန်အား သုံးဂိုးပြတ်အနိုင် ရခဲ့သောပွဲအပြီး ပြောကြားခဲ့သည်။

မန်ယူသည် ဘရိုက်တန်ကွင်း တွင် ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပထမပိုင်း၌ပင် နှစ်ဂိုး ပြတ်အနိုင်ရခဲ့သည်။ မန်ယူအတွက် ဦးဆောင်ဂိုးကို ဂရင်းဝုဒ်က ၁၆ မိနစ် တွင် ဘစ်ဆာကာ၏ ဘောလုံးပေးပို့မှု မှတစ်ဆင့် သွင်းယူခဲ့သည်။ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်သည် ၂၉ မိနစ်တွင် ပေါ့ဘာ၏ဖန်တီးပေးမှုမှ တစ်ဆင့် ဒုတိယဂိုးသွင်းပေးခဲ့သည်။ ဖာနန်ဒက်စ်သည် ဒုတိယပိုင်းမိနစ် ၅ဝ တွင် ဂရင်းဝုဒ်၏ ဖြတ်တင်ပေးပို့ မှုကို အပိုင်ပိတ်သွင်းခဲ့၍ မန်ယူမှာ သုံးဂိုးပြတ်အနိုင်ရခဲ့သည်။

အကောင်းဆုံးကစားသမားဆုရခဲ့ သော ဖာနန်ဒက်စ်က ''ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ပေးဂိုးမရှိခဲ့ဘူး။ နောက်ခံကစားသမားတွေဟာ အကောင်းဆုံးစွမ်းဆောင်နိုင်တယ်။ အသင်းရဲ့ခြေစွမ်းနဲ့ရလဒ်က ထိုက်တန် မှုရှိတယ်။ ဒီခြေစွမ်းကိုသာ ဆက်ထိန်း နိုင်မယ်ဆိုရင် ကျွန်တော်တို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုတာ သိနား လည်ထားပါတယ်။ ပေါ့ဘာကတော့ အံ့အားသင့်စရာကောင်းတဲ့ ကစား သမားဖြစ်ပါတယ်။ သူနဲ့ကျွန်တော် နှစ်ယောက်တည်းအကြောင်းကိုပဲ အများ ကြီးမပြောချင်ပါဘူး။ ကျွန်တော်တို့ဟာ အသင်းအစုအဖွဲ့ဖြစ်တယ်။ အခုလိုမျိုး ဂိုးပြတ်နိုင်တာက တစ်သင်းလုံးကောင်း လို့ပါ''ဟု ပြောကြားခဲ့သည်။

အသက်(၂၅)နှစ်အရွယ် ဖာနန် ဒက်စ်သည် ၎င်း၏ ကနဦးပရီးမီးယား လိဂ်ရှစ်ပွဲ၌ ငါးဂိုးသွင်းကာ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားသည်။ မန်ယူသည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၂၃ ရက်က ဘန်လေကွင်း၌ရှုံးခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၁၅ ပွဲတွင် ၁၁ ပွဲနိုင် ၄ ပွဲသရေကျခဲ့ သည်။ မန်ယူသည် ၅၂ မှတ်ဖြင့် အဆင့် (၅)နေရာ၌ ရပ်တည်နေသည်။



ဖတ်ရှုမှုအများဆုံး