၂ဝ၂ဝ ပြည့်နှစ်အတွင်း ဂိုးသွင်းအများဆုံး စီးရီးအေကစားသမား စီရိုနယ်ဒိုဖြစ်

၂ဝ၂ဝ ပြည့်နှစ်အတွင်း ဂိုးသွင်းအများဆုံး စီးရီးအေကစားသမား စီရိုနယ်ဒိုဖြစ်

ပေါ်တူဂီနှင့်ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ဇွန် ၃ဝ ရက်က ဂျီနိုအာနှင့်ကစားခဲ့သောပွဲတွင် ဂိုးသွင်းနိုင်ခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ဂိုးသွင်းအများဆုံး စီးရီးအေကစားသမားဖြစ်နေကြောင်း ဂိုးလ်ကွန်ကဖော်ပြခဲ့သည်။

ဂျူဗင် တပ်စ်သည် ပထမပိုင်းတွင် ဂိုးမရခဲ့သော်လည်း ဒုတိယပိုင်း၌ ဒိုင်ဘာလာ၊ စီရိုနယ်ဒိုနှင့် ဒေါက်ဂလပ်ကော်စတာတို့က ဂိုးများသွင်းယူခဲ့သည်။

ဂျီနိုအာသည် ချေပဂိုးတစ်ဂိုးပြန်ရခဲ့သော်လည်း ဂျူဗင်တပ်စ်က သုံးဂိုး တစ်ဂိုးဖြင့်နိုင်ခဲ့သည်။

စီရိုနယ်ဒိုသည် ယခုနှစ်စီးရီးအေ ၂၅ ပွဲ၌ ၂၄ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲစုံ ၂၈ ဂိုးသွင်းထားသည်။

 



ဖတ်ရှုမှုအများဆုံး