လယ်ကွင်းအတွင်း အမျိုးသမီးကြီးကိုသတ်ကာ စိန်နှင့် ရွှေ လုယူ သွားသူကို  အမှုဖွင့်စုံစမ်းနေ

လယ်ကွင်းအတွင်း အမျိုးသမီးကြီးကိုသတ်ကာ စိန်နှင့် ရွှေ လုယူ သွားသူကို  အမှုဖွင့်စုံစမ်းနေ

ကျုံပျော်မြို့နယ်တွင် အမျိုးသမီးကြီးတစ်ဦးကို သတ်ကာ စိန်နှင့် ရွှေထည်ပစ္စည်းများ လုယူ သွားသူကို  အမှုဖွင့်စုံစမ်းနေကြောင်း ဇူလိုင် ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ မှ သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ တွင် ကျုံပျော်မြို့နယ်၊ အိုင်ကြီးကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာအနီး ကြာအင်းလမ်းဆင်း ကျုံတနီး-ရေစခန်း ကားလမ်း မိုင်တိုင်အမှတ်၁၈/၂ နှင့် ၁၈/၃ ကြား ဇရပ်တစ်ခုအနီးရှိ လယ်ကွင်းထဲ၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရပျော်မြို့မရဲစခန်းမှ စခန်းမှုး ဒုရဲမှုးကျော်ခိုင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာနေ အမျိုးသမီး ဖြစ်ပြီး ဝဲ/ယာ နားရွက်အောက်နားပြတ်ရှ၊ ဝဲလက်မောင်းပြတ်ရှ၊ လည်ပင်း ကန့် လန့်ဖြတ် ပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရပြီး ၎င်းဝတ်ဆင်ထားသည့် စိန်နားကတ်တစ်ရံ ၃ ကျပ်သားကျော် ရွှေဆွဲကြိုးတစ်ကုံးနှင့် ၁ ကျပ်သားကျော် နဂါးဆွဲသီးအပြင် ဖုန်း ၁ လုံးပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ကျုံပျော်မြို့မရဲစခန်းမှ (ပ)၃၅၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။