၁၆ နှစ်ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်သို့ လိဒ်ယူနိုက်တက် ပြန်လာရန်နီးစပ်

၁၆ နှစ်ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်သို့ လိဒ်ယူနိုက်တက် ပြန်လာရန်နီးစပ်

ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက် တက်သည် ဇူလိုင် ၁၂ ရက်က ပွဲစဉ် (၄၃)အဖြစ် ဆွမ်ဆီးကွင်း၌ ကစားခဲ့ရာ လူစားဝင်ကွင်းလယ်လူပါဘလို ဟာနန် ဒက်ဇ်၏ ပွဲပြီးခါနီးသွင်းဂိုးကြောင့် တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ၁၆ နှစ် ကြာဝေးကွာနေသည့် ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းရန် ပိုမိုနီးစပ်လာကြောင်း ဂိုးလ်ကွန်က ဖော်ပြခဲ့သည်။

လိဒ်ယူနိုက်တက်သည် အဝေးကွင်း၌ ခက်ခက်ခဲခဲ ကစားခဲ့ရခြင်းဖြစ်ပြီး စပိန် ကစားသမားဟာနန်ဒက်ဇ်မှာ ၈၉ မိနစ် တွင် ပင်နယ်တီဧရိယာအတွင်းမှ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

လိဒ်သည် အဝေးကွင်းနိုင်ပွဲကြောင့် သုံးပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ချန်ပီယံ ရှစ်ရာသီကုန်ဆုံးရန် လက်ကျန်သုံးပွဲ အလို ၂၅ ပွဲနိုင် ကိုးပွဲသရေ ကိုးပွဲရှုံး ၈၄မှတ်ဖြင့် ဒုတိယနေရာမှ ဝက်စ်ဘရွန်း ကို သုံးမှတ်ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက် ရှိသည်။

ဟာနန်ဒက်ဇ်က ''တကယ်ကို အဖိုး တန်တဲ့ အနိုင်သုံးမှတ် ဖြစ်ပါတယ်။ ဒီကိုလာပြီး ခက်ခဲတဲ့ပြိုင်ဘက်ကို ရင် ဆိုင်ခဲ့ရတာပါ။ ပွဲပြီးခါနီးမှ အနိုင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါက အားလုံး အတွက် မယုံကြည်နိုင်စရာကောင်းတဲ့ ခံစားမှုမျိုးပါ''ဟု ပြောကြားခဲ့သည်။

လိဒ်ယူနိုက်တက်သည် ၂ဝဝ၃-ဝ၄ ရာသီက ပရီးမီးယားလိဂ်၌ အဆင့် ၁၉ ဖြင့် တန်းဆင်းခဲ့ရပြီးနောက် ချန်ပီ ယံရှစ်တွင် ကျင်လည်ခဲ့ရသည်။

လိဒ်ယူနိုက်တက်သည် ယမန်နှစ် ဘောလုံးရာသီက အဆင့် ၃ ဖြင့် ပန်းဝင်ခဲ့၍ ပရီးမီးယားလိဂ် တန်းတက် ဆီမီးဖိုင်နယ်ကစားရာ ဒါဘီကို နှစ်ကျော့ ပေါင်း လေးဂိုးသုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။လက်ရှိ၌ လိဒ်ယူနိုက်တက်ကို အသက် ၆၄ နှစ်အရွယ် ဝါရင့်နည်းပြ ဘီရဲလ် ဆာက တာဝန်ယူနေသည်။



ဖတ်ရှုမှုအများဆုံး