Quarantine ဝင်နေသူ အမျိုးသမီး နှလုံးရောဂါဖြင့် သေဆုံး

Quarantine ဝင်နေသူ အမျိုးသမီး နှလုံးရောဂါဖြင့် သေဆုံး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၊ နာဟောင်ရပ်ကွက်ရှိ Community Based Facility Quarantine စင်တာတွင် Quarantine ဝင်ရောက်နေသူ အသက် ၆၀အရွယ် အမျိုးသမီးတစ်ဦးသည် ယနေ့ဇူလိုင် ၁၄ ရက်၌ နှလုံးရောဂါဖြင့်သေဆုံးခဲ့ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအမျိုးသမီးကြီးသည် မိုးနဲမြို့၊ကွန်နားကျေးရွာအုပ်စု ၊ဆွမ်မရမ်းကျေးရွာတွင် နေထိုင်သူဖြစ်ကာ ဇူလိုင် ၃ ရက် ည ၁၀ နာရီခန့်က  ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာပြီး  Quarantine ဝင်ရောက်နေသည်မှာ ၁၁ ရက်ခန့်ရှိပြီဖြစ်သည်။

မိုးနဲမြို့သို့ ပြန်လည်မဝင်ရောက်မီ ထိုင်းနိုင်ငံတွင် နှလုံး ရောဂါဖြင့် ဆေးကုသမှုများ ဆောင်ရွက်ခဲ့ရသည်။

သေဆုံးသူအမျိုးသမီး၏နှာခေါင်းနှင့် အာခေါင် တို့ဖတ်နမူနာများကို Quarantine ဝင်စဉ်က ဓာတ်ခွဲစစ် ဆေးရန်‌ပို့ဆောင်ထားခဲ့ရာ ဇူလိုင် ၁၂ ရက် ဓာတ်ခွဲစမ်းသပ်ချက်အဖြေအရ Covid-19ရောဂါ (Negative) ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခန့်တွင် အိပ်ယာမှနိုးထလာခြင်းမရှိသဖြင့် ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးရာမှ သေဆုံးနေသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး