၃၄)ကြိမ်မြောက်အဖြစ် လာလီဂါချန်ပီယံဆု ရီးရဲလ်မက်ဒရစ်သိမ်းပိုက် လက်နဲ့ထိရင်ရွှေဟု နည်းပြဇီဒန်းအား အသင်းခေါင်းဆောင်ရာမို့စ် ချီးကျူး

၃၄)ကြိမ်မြောက်အဖြစ် လာလီဂါချန်ပီယံဆု ရီးရဲလ်မက်ဒရစ်သိမ်းပိုက် လက်နဲ့ထိရင်ရွှေဟု နည်းပြဇီဒန်းအား အသင်းခေါင်းဆောင်ရာမို့စ် ချီးကျူး

ရီးရဲလ်မက်ဒရစ်အသင်းသည် ဇူလိုင် ၁၆ ရက်က အိမ်ကွင်းတွင် ဗီလာရီးရဲလ်ကို ဘန်ဇီမာ၏ဂိုးများကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရပြီးနောက် ယခုနှစ်လာလီဂါချန်ပီ ယံဆုဖလားကို ပိုင်ဆိုင်ကာ အသင်းသမိုင်း တစ်လျှောက် (၃၄)ကြိမ်မြောက်အဖြစ် ချန်ပီယံဆုဖလား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ရီးရဲလ်ပွဲထွက်လူစာရင်းတွင် ဘန်ဇီ မာ၊ ဟာဇက်၊ ရိုဒရီဂို၊ မိုဒရစ်၊ တိုနီခရူးစ်နှင့် ကာဆီမီယိုတို့ ပါဝင်ခဲ့သည်။ ရီးရဲလ်သည် ပွဲချိန် ၂၉ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး မိုဒရစ် အလိုက်သင့်ချပေးသည်ကို ဘန်ဇီမာ က အပိုင်သွင်းယူခဲ့သည်။

ဘန်ဇီမာသည် ၇၇ မိနစ်တွင် အသင်းခေါင်းဆောင်ရာမို့စ် ကြောင့် ရခဲ့သော ပင်နယ်တီမှတစ်ဆင့် ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ ဗီလာရီးရဲလ် အတွက် တစ်လုံးတည်းသောချေပဂိုးကို အိုင်ဘော်ရာက ၈၃ မိနစ်တွင်သွင်းယူခဲ့ပြီး ရီးရဲလ်က အနိုင်ထိန်းခဲ့သည်။

လာလီဂါလက်ရှိချန်ပီယံဘာစီလိုနာမှာ အိမ်ကွင်းတွင် အိုဆာဆူနာကို နှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့၍ ရီးရဲလ်မှာ ရာသီကုန်ဆုံးရန် တစ်ပွဲအလို ၈၆ မှတ်ဖြင့် ဘာစီလိုနာကို ခုနစ်မှတ်ဖြတ် ကာ သုံးနှစ်အတွင်း ချန်ပီယံပြန်ဖြစ်ခဲ့သည်။

ယခုနှစ်လာလီဂါဆုဖလားမှာ အသင်းသို့ တစ်ကျော့ပြန်လည်ရောက်လာသော နည်းပြ ဇီဒန်းအတွက် ရီးရဲလ်နည်းပြဘဝ (၁၁)ကြိမ် မြောက်ဆုဖလားဖြစ်ခဲ့သည်။   

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က ''နည်းပြဇီဒန်းက သူ့လက်နဲ့ထိရင် ရွှေပဲ။ ကျွန်တော်တို့ ကစားသမားတွေက သူ့ကိုယုံကြည်မှုရှိသလို သူ့ရဲ့အလုပ်အပေါ် မှာလည်း သံသယမရှိဘူး။ သူဟာ အခြားသူ တွေနဲ့မတူဘဲ ကွဲပြားခြားနားအောင် စွမ်း ဆောင်နိုင်တဲ့သူတစ်ယောက်ပါ။ ကစားသမား တွေရဲ့ ယုံကြည်မှုကိုရထားတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သူဒီမှာ အချိန်အကြာကြီးဆက် နေဖို့ မျှော်လင့်ထားပါတယ်။ ဇီဒန်းဟာ ပြိုင်ဘက်ကင်းသူပါ''ဟု ချီးကျုးခဲ့သည်။

ဆက်လက်၍ ရာမို့စ်က COVID-19 ကာလကစားခဲ့သည့်ပွဲများ၌ VAR ဆုံးဖြတ် ချက်ကြောင့် ဝေဖန်ထောက်ပြမှုများရှိသည့် တိုင် ¤င်းတို့အသင်း၏ကြိုးစားအားထုတ်မှု၊ ခြေစွမ်းမှန်ခြင်းနှင့် ဟန်ချက်ညီခြင်းတို့ကြောင့် ယခုနှစ်ဆုဖလားနှင့် အပြည့်အဝထိုက်တန် ကြောင်း ဆိုခဲ့သည်။

အသက်(၄၈)နှစ်အရွယ် နည်းပြဇီဒန်း က  ၎င်း၏ပရော်ဖက်ရှင်နယ်ဘဝ၌ ယခု တစ်ကြိမ်ဖလားရသည့်နေ့မှာ အကောင်းဆုံး နေ့ရက်များထဲ၌ တစ်ရက်အပါအဝင်ဖြစ်ခဲ့ ကြောင်း ညွှန်းဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး