ချန်ပီယံလိဂ်ပွဲကို နည်းပြခွင့်ရမရ မသိသေးကြောင်း ဘာစီလိုနာနည်းပြ ဝန်ခံ

ချန်ပီယံလိဂ်ပွဲကို နည်းပြခွင့်ရမရ မသိသေးကြောင်း ဘာစီလိုနာနည်းပြ ဝန်ခံ

ပွဲစဉ်(၃၇)တွင် အိမ်ကွင်း၌ အိုဆာဆူနာအား နှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာနည်းပြ ဆက်တီယန်က ၎င်းအနေဖြင့် လာမည့်ချန်ပီယံလိဂ်ပွဲတွင် နည်းပြခွင့်ရမရဆိုသည်ကို မသိသေးကြောင်း ဝန်ခံခဲ့သည်။

အိုဆာဆူနာသည် ၁၅ မိနစ်၌ ဦးဆောင်ဂိုးရခဲ့ပြီး မက်ဆီက ၆၂ မိနစ်တွင် ချေပဂိုးသွင်းပေးခဲ့သော်လည်း ဘာစီလိုနာမှာ ပွဲပြီးလုချိန်ဂိုးပေး ခဲ့ရ၍ ရှုံးနိမ့်ခဲ့သည်။ နည်းပြဆက်တီယန်လက်ထက် လာလီဂါဖလား လက်လွှတ်ခဲ့ရပြီး စပိန်ဘုရင့်ဖလား၌လည်း ကွာတားဖိုင်နယ်မှထွက်ခဲ့ရသည်။

နည်းပြဆက်တီယန်က ''လက်ရှိအခြေအနေတွေအတွက် ကျွန်တော့်မှာတာဝန်ရှိပါတယ်။ ကျွန်တော်က ဒီအသင်းရဲ့ မန်နေဂျာပါ။ ဒီနွေမှာ ချန်ပီယံလိဂ်ကြရင် ကွဲပြားတဲ့အသင်းအနေနဲ့ ပြန်လာနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်နည်းပြရမလားဆိုတာ မပြောနိုင်ဘူး''ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက နာပိုလီနှင့် ချန်ပီယံလိဂ်ပွဲတွင် ယခုခြေစွမ်းအတိုင်းဆက်ကစားပါက ရှုံးလိမ့်ဦးမည်ဖြစ်ကြောင်း ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး