ကာဇက်စတန်နှင့် ကာဂျစ္စတန်နိုင်ငံ၌ COVID-19 ကူးစက်သူနှင့် သေဆုံးသူဦးရေ တိုးလာ

ကာဇက်စတန်နှင့် ကာဂျစ္စတန်နိုင်ငံ၌ COVID-19 ကူးစက်သူနှင့် သေဆုံးသူဦးရေ တိုးလာ

ကာဂျစ္စတန်နိုင်ငံ၌ ဇူလိုင် ၁၇ ရက်တွင် COVID-19 ကူးစက်သူ ထောင်ပေါင်းများစွာနှင့် သေဆုံးသူရာပေါင်းများစွာရှိခဲ့ကြောင်း ကာဂျစ္စတန်အစိုးရက ထုတ်ပြန်ခဲ့သည်။

အိမ်နီးချင်း ကာဇက်စတန်၌လည်း ဇူလိုင် ၁၇ ရက်တွင် အလားတူ ကူူးစက်သူနှင့် သေဆုံးသူဦးရေ တိုးခဲ့သည်။ဗဟိုအာရှနိုင်ငံများဖြစ်သော ကာဂျစ္စတန်နှင့် ကာဇက်စတန်တို့သည် COVID-19 တိုက်ဖျက်ရေး ချမှတ်ထားသည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို မေတွင် ရုပ်သိမ်းခဲ့ပြီးနောက် ကူးစက်သူဦးရေ တိုးလာခဲ့ခြင်းဖြစ်သည်။

ကာဇက်စတန်ရှိ အဓိကမြို့ကြီးများရှိ ဆေးရုံများ၌ လူနာခုတင်များပြည့်နေပြီဖြစ်သောကြောင့် အစိုးရသည် ယခုလတွင် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ပြန်လည်ချမှတ်ခဲ့ရသည်။ ကာဂျစ္စတန်၌ ဇူလိုင် ၁၇ ရက်အထိ COVID-19 ကူးစက်သူ ၂၃၇၈၃ ဦးနှင့် သေဆုံးသူ ၇၈၅ ဦးရှိနေပြီဖြစ်သည်။

သြဂုတ် ၁ ရက်မှစ၍ အဆုတ်ရောင်ရောဂါဖြင့်သေဆုံးသူ၊ COVID-19 ဖြင့်သေဆုံးသူဦးရေများကို ပူးတွဲထုတ်ပြန်မည်ဖြစ်ကြောင်း ကာဇက်ကျန်းမာရေးဝန်ကြီး အလက်ဇီ ဆွိုင်က ဇူလိုင် ၁၇ ရက်တွင် ပြောဆိုခဲ့သည်။

ယခုနှစ်တွင် အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသူဦးရေသည် ယမန်နှစ်တွင် အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသူဦးရေနှင့် နှိုင်းယှဉ်လျှင် ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဆွိုင်က ပြောဆိုခဲ့သည်။

ကာဇက်စတန်နိုင်ငံ၌ ဇူလိုင် ၁၇ ရက်အထိ COVID-19 ကူးစက်သူ ၆၆၈၉၅ ဦးနှင့် သေဆုံးသူ ၄၆၄ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။