အိန္ဒိယ၌ ရှားပါး အဝါရောင်လိပ်တစ်ကောင်ကို ကယ်ဆယ်

အိန္ဒိယ၌ ရှားပါး အဝါရောင်လိပ်တစ်ကောင်ကို ကယ်ဆယ်

အိန္ဒိယနိုင်ငံ ဘာလာဆိုးစီရင်စု ဆူဂျန်ပူရန်ကျေးရွာအနီး၌ အဝါရောင်လိပ်ခွံပါရှိသည့် လိပ်တစ်ကောင်ကို ကယ်ဆယ်ခဲ့ရကြောင်း အိန္ဒိယတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိများက ပြောဆိုခဲ့သည်။

အဝါရောင်လိပ်တစ်ကောင်ကို ကယ်တင်ထားကြောင်း ကျေးရွာသားများက အိန္ဒိယသစ်တောဌာနသို့ ဆက်သွယ်ပြောဆိုခဲ့သည်။

သစ်တောအရာရှိ ဆူဆန်တာ နန္ဒက အဝါရောင်လိပ်၏ပုံကို တွစ်တာ၌ တင်ခဲ့သည်။

လိပ်၏အရောင်မှာ လုံးဝကိုထူးခြားလှကြောင်း၊ လိပ်ခွံတစ်ခုလုံးနှင့် တစ်ကိုယ်လုံးသည် အဝါရောင်ဖြစ်ကာ တစ်ခါမျှမမြင်ဖူးကြောင်း တောအုပ် ဗာနူးမီထရာ အချာယာကပြောဆိုခဲ့သည်။

ရီလွင် ဘာသာပြန်သည်။