ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကိုင်မြှောက်၍ လီဗာပူး အောင်ပွဲခံ ယမန်နှစ်က ၉၇ မှတ်ဖြင့် ချန်ပီယံမဖြစ်၍ လက်ခံရန်ခက်ခဲခဲ့ဟု ဟန်ဒါဆန်ဆို

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကိုင်မြှောက်၍ လီဗာပူး အောင်ပွဲခံ ယမန်နှစ်က ၉၇ မှတ်ဖြင့် ချန်ပီယံမဖြစ်၍ လက်ခံရန်ခက်ခဲခဲ့ဟု ဟန်ဒါဆန်ဆို

ရာသီမကုန်မီ ပရီးမီးယားလိဂ်အစော ဆုံးချန်ပီယံဖြစ်ခဲ့သော လီဗာပူးသည် ဇူလိုင် ၂၂ ရက်က အန်ဖီးလ်ကွင်း၌ ချယ်လ်ဆီး အား ငါးဂိုး သုံးဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ကိုင်မြှောက်ကာ ပျော်ရွှင်စွာအောင်ပွဲခံခဲ့ ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့ သည်။

လီဗာပူးသည် ပွဲချိန်ပထမပိုင်း၌ပင် ချယ်လ်ဆီးအား သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ ခြင်းဖြစ်ပြီး အကောင်းဆုံးကစားကာ ယခု နှစ်ရာသီ ၃၁ ပွဲမြောက် ပရီးမီးယားလိဂ် နိုင်ပွဲရယူ၍ အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းအတွင်းသို့ ပရိသတ်များဝင်ရောက်ခွင့်ကို ပိတ်ပင်ထား ရာ လီဗာပူးအသင်းမှာ ပရိသတ် ၅၃ဝဝဝ ဆံ့သောအိမ်ကွင်း၌ ပရိသတ်မပါဘဲ အောင်ပွဲ ခံခဲ့ရသည်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားကို အားမာန်အပြည့်ဖြင့် ကိုင် မြှောက်လိုက်သည့်အချိန်တွင် ကစားဖော် များမှာ ဝမ်းသာစွာဟစ်ကြွေး၍ အတူတကွ အောင်ပွဲခံခဲ့ကြသည်။

နေအိမ်၌သာနေထိုင်ရန် သတိပေးခံ ထားရသော်လည်း လီဗာပူးပရိသတ်များမှာ ကွင်းပြင်ပ၌ မီးရှူးမီးပန်းများပစ်ဖောက် ကာ အောင်ပွဲခံခဲ့ကြသည်။ လီဗာပူးသည် အသင်းသမိုင်းတစ်လျှောက် အင်္ဂလန်အဆင့် မြင့်တန်းအမှတ်ပေးဖလားကို (၁၈)ကြိမ် ရရှိခဲ့ပြီး ယခုအခါ ဂျာမန်လူမျိုးနည်းပြ ကလော့ပ်လက်ထက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည်။

''ခံစားမှုအရ ပိုပြီးတော့ထူးကဲပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီက ၉၇ မှတ်အထိ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ချန်ပီယံ မဖြစ်ခဲ့ပါဘူး။ ဒါက လက်ခံဖို့ခက်ခဲပါ တယ်။ အဲဒီနောက် ကျွန်တော်တို့ဟာ ချန်ပီ ယံလိဂ်ဆုဖလားရခဲ့တယ်။ ပရီးမီးယားလိဂ် ရာသီပြန်စတဲ့အချိန် ကျွန်တော်တို့အနေနဲ့ အလုပ်တစ်ခုအဆုံးမသတ်ရသေးမှန်း သိနား လည်ခဲ့ပါတယ်။ ဒီရာသီက အံ့အားသင့်စရာ ကောင်းတဲ့ ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ ဒီအသင်းမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရလို့ ကျွန်တော် ကျေးဇူးတင်ပါ တယ်။ ဆုရဖို့ အချိန်အကြာကြီးစောင့်ဆိုင်း ခဲ့ရတာပါ''ဟု ဟန်ဒါဆန်က ဆိုသည်။

လီဗာပူးနည်းပြကလော့ပ်က ၎င်းတို့ အနေဖြင့် ရပ်တန့်နေမည်မဟုတ်ကြောင်း၊ ပြည်တွင်း၌ စိန်ခေါ်မှုများရှိနေကြောင်း အသိပေးခဲ့သည်။



ဖတ်ရှုမှုအများဆုံး