ပရီးမီးယားလိဂ်ရာသီသိမ်းပွဲတွင် လက်စတာကွင်း၌အနိုင်ယူကာ လာ မည့်နှစ်ချန်ပီယံလိဂ်ဝင်ခွင့် ရယူမည် ဖြစ်ကြောင်း မန်ယူနည်းပြဆိုးလ်ရှား က ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျ ခဲ့သော ပွဲအပြီး၌ ပြောခဲ့သည်။
မန်ယူသည် ဇူလိုင် ၂၂ ရက်က အိမ်ကွင်းတွင် ဝက်စ်ဟမ်းနှင့်ကစားခဲ့ ရာ ဘောလုံးပိုင်ဆိုင်မှုအသာရအောင် ကစားနိုင်ခဲ့သော်လည်း အကောင်း ဆုံးပုံစံမရခဲ့ပေ။ မန်ယူကွင်းလယ်လူ ပေါ့ဘာသည် ပထမပိုင်းပြီးလုချိန်တွင် ဝက်စ်ဟမ်း၏ အလွတ်တည်ကန်ဘော ကို လက်ဖြင့်တားမိခဲ့ရာ ပင်နယ်တီပေး ခဲ့ရပြီး အန်တိုနီယိုက သွင်းယူပေးခဲ့သည်။
မန်ယူသည် ဒုတိယပိုင်း၌ ချေပ ဂိုးသွင်းယူရန် ကြိုးစားခဲ့ရာ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်က ၅၁ မိနစ်တွင် မာရှယ်၏ ဘောလုံးပေးပို့မှုကိုရယူကာ ဘယ်ခြေဖြင့် အပြင်းကန်သွင်းပေးခဲ့ သည်။ သရေကျခဲ့သော်လည်း မန်ယူ သည် ချယ်လ်ဆီးရှုံးနိမ့်မှုကြောင့် ၆၃ မှတ်ချင်းတူညီကာ ဂိုးကွာခြားချက်အရ တတိယနေရာသို့ တက်လှမ်းခဲ့သည်။မန်ယူသည် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် အတွက် လက်စတာနှင့်ပွဲ၌ သရေတစ် မှတ်ရရန် လိုအပ်နေသည်။p> နည်းပြဆိုးလ်ရှားက ''လက်စတာ ကိုအနိုင်ယူပြီး ကျွန်တော်တို့ ချန်ပီယံ လိဂ်ဝင်ခွင့်ယူသွားမှာပါ။ အခုဆိုရင် ဝက်စ်ဟမ်းနဲ့ သရေကျတယ်။ ဒါက ပြသာနာတော့မဟုတ်ပါဘူး။ ကျွန် တော်တို့ လက်စတာကွင်းကို အနိုင် ရဖို့ပဲ သွားကစားမှာပါ။ အနိုင်ရဖို့ အတွက် အကောင်းဆုံးပြင်ဆင်မှာပါ'' ဟုပြောသည်။
မန်ယူသည် ပထမ အကျော့ကစားခဲ့စဉ်က လက်စတာကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့ပြီး ၂ဝ၁၄ ခုနှစ်နောက်ပိုင်း မရှုံးခဲ့ပေ။
ဝက်စ်ဟမ်းနှင့်ပွဲ၌ မန်ယူအတွက် ဂိုးသွင်းခဲ့သော အသက်(၁၈)နှစ်အရွယ် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်သည် ဂျော့စ်ဘတ်၊ ဘရိုင်ယန်ကစ်နှင့် ရွန်နီ တို့၏ မန်ယူစံချိန်တစ်ခုကို လိုက်မီ ခဲ့ကြောင်း သိရသည်။ မန်ယူဂန္ထဝင် ကစားသမားသုံးဦးသည် မန်ယူအတွက် တစ်ရာသီအတွင်း ၁၇ ဂိုးသွင်းနိုင်ခဲ့ သော ဆယ်ကျော်သက်ကစားသမား များဖြစ်ခဲ့ဖူးရာ ယခုအခါ ဂရင်းဝုဒ်မှာ လေးဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် ဂရင်းဝုဒ်သည် ၂ဝ၁၂-၂ဝ၁၃ ရာသီက လူကာကူပြီးနောက် တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ၁ဝ ဂိုးသွင်းနိုင်သော ပထမဆုံးဆယ် ကျော်သက်ကစားသမားမှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည့်အပြင် ၂ဝဝ၄-ဝ၅ က ရွန်နီနောက်ပိုင်း လိဂ်သွင်းဂိုး ၁ဝ ဂိုး ပြည့်ခဲ့သော ပထမဆုံးအင်္ဂလန်ကစား သမားဖြစ်လာခဲ့သည်။















