အုတ်တွင်းမြို့နယ်တွင် လက်လုပ်လေသေနတ် ကိုင်ဆောင်ကာ လမ်းလျှောက်နေသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ဇူလိုင် ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဇူလိုင် ၂၃ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် တွင် အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ် ကျေးရွာအနီးရှိ ရန်ကုန်- မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင်အမှတ် ၁၅၆/၃နှင့်၄ အကြား အုတ်တွင်းမြို့ဘက်မှ တောင်ငူမြို့ဘက်သို့ လမ်းလျှောက်လာသူ မင်းသူ (၄၉)နှစ်ကို အုတ်တွင်းမြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် စစ်ဆေး ခဲ့သည်။
၎င်း၏ ဘယ်ဘက်လက် ထဲတွင် သစ်သားကိုယ် ထည်ဒင်ပါ အရှည်(၃) ပေ(၉)လက်မ၊ ပြောင်း အရှည်(၃)ပေ၊ ပြောင်း အချင်း(၁)စင်တီမီတာ၊ လေအိုးအရှည်(၁)ပေ(၆) လက်မရှိ လက်လုပ်လေသေနတ်(၁) လက်၊ ညာဘက် ဘောင်းဘီအိတ်ကပ်အတွင်းမှ လေသေနတ်အတွင်း ထည့်ပစ်သည့် သံလိုက်တုံးဖြင့် ကပ်ထားသော သံဘောသီး(၂၀)လုံး၊ နောက်ကျောတွင် လွယ်ထားသည့် လေထိုးတံ(၁) ချောင်း၊ ယာဘက်လက်ထဲတွင် အဝါရောင်လက်နှိပ်ဓါတ်မီး(၁)လက်တို့အား သိမ်းဆည်းရမိခဲ့သည်။
၎င်းကို အုတ်တွင်းမြို့မ ရဲစခန်းက လက်နက် အက်ဥပဒေပုဒ်မ ၁၉(စ)အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















