အိန္ဒိယ၌ COVID-19 ဖြင့်သေဆုံးသူ ၃၀၀၀၀ ကျော်သွားပြီဖြစ်

အိန္ဒိယ၌ COVID-19 ဖြင့်သေဆုံးသူ ၃၀၀၀၀ ကျော်သွားပြီဖြစ်

COVID-19 ဖြင့်သေဆုံးသူဦးရေတွင် အိန္ဒိယသည် ပြင်သစ်ကို ကျော်တက်ပြီး ဇူလိုင် ၂၄ ရက်အထိ ၃၀၆၀၁ ဦးရှိနေပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၄ ရက်တွင် အိန္ဒိယ၌ COVID-19 ကူးစက်သူသစ် ၅၀၀၀၀ ခန့်ရှိခဲ့သည်။ အိန္ဒိယသည် အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ ဗြိတိန်၊ မက္ကဆီကိုနှင့် အီတလီတို့ ပြီးလျှင် COVID-19 ဖြင့်သေဆုံးသူ ဆဌမအများဆုံးနိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းအင်းများအရသိရသည်။ ထို့ပြင် COVID-19 ကူးစက်သူ ၁ ဒသမ ၃ သန်းနီးပါးလည်းရှိနေသောကြောင့် အမေရိကန်နှင့် ဘရာဇီးပြီးနောက် ကူးစက်သူတတိယအများဆုံးနိုင်ငံဖြစ်နေသည်။

ဇူလိုင် ၂၄ ရက်အထိ ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူသစ်  ၇၄၀ ဦး ရှိခဲ့သည်။ ဇူလိုင် ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၉၃၁၀ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သို့သော် ဓာတ်ခွဲနမူနာ စစ်ဆေးမှုနှုန်း နိမ့်ပါးလာသည်နှင့်အမျှ ကမ္ဘာ့ ဒုတိယလူဦးရေ အများဆုံးသော နိုင်ငံကြီး၏ ကူးစက်မှုပမာဏအတိုင်းအတာသည် တရားဝင်ထုတ်ပြန်နေသည့် စာရင်းအင်းများထက် ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

မြို့တော် နယူးဒေလီရှိ လူဦးရေ လေးပုံတစ်ပုံနီးပါး သည် COVID-19  ကူးစက်ခံထားရကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။