လူငယ်များ အရက်အတူသောက်ပြီးနောက် ဆည်မြောင်းအတွင်း ရေဆင်းကူးသူတစ်ဦး သေဆုံး

လူငယ်များ အရက်အတူသောက်ပြီးနောက် ဆည်မြောင်းအတွင်း ရေဆင်းကူးသူတစ်ဦး သေဆုံး

ကျောက်တံခါးမြို့နယ်တွင် အရက်သောက် ပြီး ဆည်မြောင်းအတွင်းရေဆင်းကူးရာမှ လူငယ်တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း ယနေ့ဇူလိုင် ၂၅ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်၂၄ရက် ညနေ၅နာရီခွဲခန့်တွင်၊ကျောက်တံခါးမြို့နယ်၊ဘဲခြံကျေးရွာ၊ဆီဆုံကုန်းကျေး ရွာအုပ်စု၊အဝေရာဆည်မြောင် းအတွင်း လူတစ်ဦးရေနစ်သေဆုံး၍ဖဒိုတိုက်နယ်ဆေးရုံသို့ရောက်ရှိနေကြောင်း သတင်းအရ ဖဒိုရဲစခန်းမှခေတ္တနယ်မြေစခန်းမှူးရဲအုပ်ဇော်မိုးနိုင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ဆီဆုံကုန်းကျေးရွာအုပ်စု ဘုန်းမဲဇာကျေးရွာနေ ၊(၉)တန်းကျောင်းသား​ စောအယ်ကပလာထူး(၁၇)နှစ်ဖြစ်သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ၎င်းသည်သူငယ်ချင်းများဖြစ်သည့်စောကွာလာ(၂၃)နှစ်၊စောထူးအိမ်လင်း(၁၆)နှစ်၊ စောလောရှည်(ခ)စောဟင်နရီ(၁၇)နှစ်စောကလောကပေါ်ထူး(ခ)စောကလော်(၂၀)နှစ်တို့နှင့်အတူ မွန်းလွဲ ၃နာရီ​ခန့်တွင် အဝေရာဆည်မြောင်းအနီး အရက်သောက်စားကြပြီး ညနေ၄နာရီတွင် စောအယ်ကပလာထူးက ရေမကူးတတ်ဘဲ ရေမြောင်းအကျယ်(၆၀ ) ပေခန့်၊ အနက်(၂၀)ပေခန့်ရှိအဝေရာဆည်မြောင်းတွင်း ရေဆင်းကူးရာမှရေနစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၎င်းရေနစ်သဖြင့်သူငယ်ချင်း(၄)ဦးကဝိုင်းဝန်းဆယ်ယူသော်လည်း သေဆုံးခဲ့သည်။

အလောင်းကိုဆိုင်ကယ်ဖြင့်ဖဒိုမြို့တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံက စစ်ဆေးရာ ရေနစ်သေဆုံးသည့် လက္ခဏာများတွေ့ရ၍ ဖဒို နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ်(၅/၂၀၂၀)ဖြင့် စစ်ဆေးလျက်ရှိသည်။