ကမ္ဘာတစ်ဝန်း ဇူလိုင် ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၈၄၁၉၆ ဦးဖြင့် စံချိန်တင် မြင့်တက်
ကမ္ဘာတစ်ဝန်း ဇူလိုင် ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၈၄၁၉၆ ဦးဖြင့် စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဇူလိုင် ၂၄ ရက်တွင် ကမ္ဘာတစ်ဝန်း COVID-19 ဖြင့်သေဆုံးသူ ၉၇၅၃ ဦးရှိခဲ့သည်။
ယင်းသည် သေဆုံးသူ ၉၇၉၇ ဦးရှိခဲ့သည့် ဧပြီ ၃၀ ရက်မှစ၍ တစ်ရက်အတွင်း သေဆုံးသူအများဆုံးရှိခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၁၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၅၉၈၄၈ ဦးဖြင့် အများဆုံးရှိခဲ့ပြီးဖြစ်သည်။
ကမ္ဘာတစ်ဝန်း ဇွန်လအတွင်း တစ်ရက်လျှင် COVID-19 ဖြင့်သေဆုံးသူ ၄၆၀၀ ခန့်ရှိခဲ့ပြီး ဇူလိုင်လအတွင်း တစ်ရက်လျှင် ၅၀၀၀ နှုန်းရှိခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ အိန္ဒိယနှင့် တောင်အာဖရိကတို့၌ နေ့စဉ်ကူူးစက်သူသစ်ဦးရေ တိုးနေသည်။

















