ဖိလစ်ပိုင်၌ ဇူလိုင် ၂၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၀၁၉ ဦးနှင့် သေဆုံးသူသစ် ၂၀ ဦးရှိ

ဖိလစ်ပိုင်၌ ဇူလိုင် ၂၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၀၁၉ ဦးနှင့် သေဆုံးသူသစ် ၂၀ ဦးရှိ

ဖိလစ်ပိုင်နိုင်ငံ၌ ဇူလိုင် ၂၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၀၁၉ ဦးနှင့် သေဆုံးသူသစ် ၂၀ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်၌ COVID-19 ကူးစက်သူ ၇၈၄၁၂ ဦးနှင့် သေဆုံးသူ ၁၈၉၇ ဦးရှိနေပြီဖြစ်သည်။တစ်ချိန်တည်းမှာပင် မွေးရပ်ပြည်နယ်များသို့ ပြန်လိုသူများကို အစိုးရက နေရပ်ပြန်နိုင်ရေးစီစဉ်နေခဲ့ရာ မနီလာရှိ မှတ်ပုံတင်ပြီး COVID-19 ရှိမရှိစစ်ဆေးသည့် နေရာအဖြစ် အသုံးပြုထားသော အားကစားရုံထဲသို့ ဇူလိုင် ၂၅ ရက်တွင် လူထောင်ပေါင်းများစွာ စုပြုံဝင်ရောက်မှုကြောင့် ကူးစက်မှုအစုလိုက်အပြုံလိုက်ရှိမည်ဟု စိုးရိမ်မှုများရှိနေသည်။

အားကစားရုံထဲ၌ COVID-19 ရှိမရှိစစ်ဆေးရန် တို့ဖတ်နမူနာယူပြီးနောက် ကူးစက်ခံထားရခြင်းမရှိပါက မွေးရပ်ပြည်နယ်များသို့ ပြန်ခွင့်ပြုရန် အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

မြို့တော် မနီလာ၌ အလုပ်အကိုင်ဆုံးရှုံးသူများ မိဘဆွေမျိုးများရှိသည့် မွေးရပ်သို့ ပြန်ခွင့်ရရန် အစိုးရကူညီနေခြင်းလည်းဖြစ်သည်။

သို့သော် မွေးရပ်ပြန်မည်ဟု စာရင်းမပေးထားသူ ၂၀၀၀ ခန့်သည် ဇူလိုင် ၂၅ ရက်တွင် အားကစားရုံသို့လာရောက်ခဲ့သောကြောင့် လူစုလူဝေးဖြစ်ခဲ့သည်။

သတ်မှတ်ထားသည့် လူပမာဏထက် ပိုမိုများပြားခဲ့သောကြောင့် အခြေအနေကို မထိန်းချုပ်နိုင်ဖြစ်ခဲ့ရကြောင်း အစိုးရ၏ပို့ဆောင်ကူညီရေးအစီအစဉ်ကို ကြီးကြပ်နေသည့် ဂျိုးဆက် အန်ကာဘိုကပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် တိုက်တွန်းခဲ့သော်လည်း သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာနေခဲ့ကြသည်။နှာခေါင်းစည်းမတပ်သူများလည်း ပါဝင်ခဲ့သည်။