လေဖြန်းနေသူ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံး

လေဖြန်းနေသူ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံး

ပန်းတောင်းမြို့တွင် လေဖြန်းဝေဒနာခံစားနေရသူ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း ယနေ့ဇူလိုင် ၂၇ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ  ၂၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပန်းတောင်းမြို့နယ် ဖောင်းကန်ရပ်ကွက်ရှိ ဦးခင်---နေအိမ်တွင် အမျိူးသမီးတစ်ဦးဆွဲကြိုးချသေဆုံးကြောင်းသတင်းအရ  ခေတ္တစခန်းမှူး ဒုရဲမှူး မင်းညိုနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေအိမ်တွင် ဦးခင်---၏ဇနီး ဒေါ်ခင်--(၅၇)နှစ်သည် နေအိမ်အပေါ်ထပ် အိပ်ယာဘေး (၂)ပေခန့်ရှိ ထရံပေါက်အနီး ကြမ်းခင်းယင်းမာတန်း၌ ပလတ်စတစ်ကြိုးကိုအသုံးပြုကာ ဆွဲကြိုးချသေဆုံးနေသည့် လက္ခဏာများဖြင့် သေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။

သေဆုံးသူ ဒေါ်ခင်--မှာ လေဖြန်းရောဂါသည်တစ်ဦးဖြစ်ပြီး နေအိမ်အပေါ်၌ တစ်ဦးတည်းနေထိုင်ကာ စိတ်ကျဝေဒနာခံစားနေရသူဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့သည်။

အလောင်းကို ပန်းတောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ ပီအာရ် ၀၈/၂၀၂၀ ဖြင့် လက်ခံခဲ့ပြီး ပန်းတောင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၀ ဖြင့် စစ်ဆေးလျက်ရှိသည်။