မြဝတီ၌ တရုတ်အမျိုးသား နှစ်ဦး  စကားများပြီး ဓားဖြင့် ထိုးမှု ဖြစ်

မြဝတီ၌ တရုတ်အမျိုးသား နှစ်ဦး  စကားများပြီး ဓားဖြင့် ထိုးမှု ဖြစ်

မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၌  တရုတ်အမျိုးသား နှစ်ဦး  စကားများရာက ဓားဖြင့် ထိုးမှုဖြစ်ပွားကြောင်း ဇူလိုင် ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၂၆ရက် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ် အချိန်တွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လင်းအေး မြိုင်လမ်းမပေါ်၌ တရုတ်အမျိုးသား နှစ်ဦး စကားများပြီး ဓားဖြင့်ထိုးမှု ဖြစ်ပွားကြောင်း သတင်းရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါနေရာ၌ လောကျားရှိန်တွင် လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက် ဘယ်ဘက် ထိုးသွင်းဒဏ်ရာ၊ ယာဘက်ပေါင် ထိုးသွင်းဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ထို့မှတစ်ဆင့် ဘားအံ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသခဲ့ရသည်။

စုံစမ်းချက်အရ ကျောင်းဝေလီ(၃၉)နှစ်နှင့် လောကျားရှိန်(၄၅)နှစ်တို့ ၂ ဦး အရက်သောက်ပြီး ၎င်းတို့နေထိုင်ရာသို့ပြန်လာစဉ် အခင်းဖြစ်နေရာအရောက် စကားများရန်ဖြစ်ခဲ့ကြသည်။

ထိုသို့စကားများစဉ် ကျောင်းဝေလီက အရိုး/အသွား(၁၁)လက်မ ခန့်ရှိ ဓားမြှောင်ဖြင့် ထိုးသဖြင့် လောကျားရှိန်တွင် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မြဝတီမြို့မရဲစခန်းက (ပ)၄၅၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။